UNICODE💫
Love Meaning & Its Duty(4)
••••••••••••••• * •••••••••••••ကျီ!(ကားရပ်သံ)
ရိပေါ်ဧည့်ခန်းထဲထိုင်ရင်းကျန့်ကောပြန်အလာကိုစောင့်နေတုန်းအိမ်ရှေ့ကကားရပ်သံကြားမှအိပ်ပျော်နေရာမှနိုးသွားတော့တယ်။နံရံကနာရီကိုကြည့်မိတော့ညဆယ့်တစ်နာရီပင်ရှိလေပြီ။အမြန်ပဲအိမ်ရှေ့ပြေးထွက်သွားလိုက်တော့မူးနေပုံရသည့်ကျန့်ကောကိုကယ်ဗင်မှာမနိုင်မနင်းတွဲရင်းအိမ်ထဲဝင်လာတာတွေ့တယ်။
"ကျန့်ကော..."
"ဘယ်သူလဲ!!!...အဟက်...ဝမ်ရိပေါ်မင်းကို သွား!!!...ငါ့အသားကိုလာမထိနဲ့...လူသတ်သမား!!!..."
ရိပေါ်မနေနိုင်ကျန့်ကောကိုတွဲပေးဖို့လုပ်တော့အတင်းငြင်းလွှတ်နေသည့်ကျန့်ကောကအာလေးလျှာလေးနဲ့အပြစ်တင်နေသေးတယ်။ညဥ့်လည်းနက်နေပြီမို့ကယ်ဗင်ကိုလည်းအားနာလှပြီ။
"ကယ်ဗင် တအားမိုးချုပ်နေပြီဆိုတော့ပြန်လိုက်တော့လေ...ကျွန်တော်ပဲကျန့်ကောကိုအခန်းထဲလိုက်ပို့ပေးလိုက်ပါ့မယ်..."
"ဖြစ်ပါ့မလားရိပေါ် တော်ကြာရှောင်းကျန့်ကမင်းကိုထိုးကြိတ်နေမှဖြင့်..."
"စိတ်မပူပါနဲ့ ကျန့်ကောကမူးနေတဲ့ဟာထိုးလည်းအားပါမှာမှမဟုတ်တာ..."
ရိပေါ်ကသာအရွှမ်းဖောက်ပြောလိုက်ပေမဲ့ကယ်ဗင်ကသူ့အတွက်ရင်မောဟန်ခေါင်းအသာခါရင်းသက်ပြင်းချပြန်လေပြီ။
"အင်းပါ...ဒါဆိုလည်းငါမင်းကိုစိတ်ချမယ်နော်ရိပေါ်...ရှောင်းကျန့်ကိုသေချာထိန်းဦးဒီလောက်မူးပြဲနေတာတောင်clubမှာညအိပ်ပြီးဆက်သောက်မယ်လုပ်နေတာ..."
စိတ်မချဟန်တွန့်ဆုတ်တွန့်ဆုတ်နဲ့ကယ်ဗင်ပြန်သွားတော့မှရိပေါ်မှာရှောင်းကျန့်ကိုမနိုင်မနင်းတွဲရင်းအပေါ်ထပ်တက်ရတယ်။ယိုင်နဲ့နေသည့်ကျန့်ကောကိုယ်ကြီးကိုအခန်းထဲအရောက်ပို့ဖို့ရာရိပေါ်တော်တော်အားထုတ်လိုက်ရတယ်။
"အင့်!...ကျန့်ကော..."
အခန်းထဲရောက်တော့လူမှန်းသူမှန်းမသိအောင်မူးနေသည့်ကျန့်ကောကိုကုတင်ပေါ်လှဲသိပ်ပေးလိုက်တယ်။ခြေထောက်ကရှူးဖိနပ်နဲ့ခြေအိပ်တွေပါတခါတည်းချွတ်ပေးပြီးမွေ့ယာပေါ်နေရာချပေးလိုက်တော့မူးမူးရူးရူးနဲ့ပလုံးပထွေးပြောနေသည့်ကျန့်ကောစကားတွေကဝမ်ရိပေါ်ကိုမုန်းတယ်ဆိုတာကြီးသာ။

VOUS LISEZ
Love Meaning & Its Duty[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]