___________
Unicode💫
___________Love Meaning & Its Duty(16)
••••••••••••••••• * ••••••••••••ကောင်းကင်ကြီးကကြည်ပြာရောင်သမ်းတယ်။နေမင်းကြီးကမော်ကြွားလျှက်ဝင့်ဝင့်ထည်ထည်။ပင်လယ်လေခပ်နွေးနွေးဖြတ်တိုက်လာခြင်းမှာရိပေါ်အကြည့်ကထိုသဘာဝအလှတရားတွေကိုမျက်ကွယ်ပြုတယ်။ အုန်းပင်အောက်ကင်းဘတ်ပေါ်ဆေးခြယ်နေသည့်ကျန့်ကောကိုသဲပြင်ထက်လှဲအိပ်ရင်းစောင်းငဲ့ကြည့်မိတယ်။ပြုံးယောင်ယောင်ဖြစ်သွားသည့်ရိပေါ်နှုတ်ခမ်းကဖွင့်ဟမိသည်က ကြည့်ကောင်းလိုက်တာ တဲ့။သူ့ကိုတချက်လှည့်ကြည့်ပြီးဘာလဲဆိုကာမျက်ခုံးပင့်ပြသည့်ကျန့်ကောကိုခေါင်းအသာရမ်းပြလိုက်တယ်။
ဝေးဖို့တရက်နီးလာတိုင်းကျန့်ကောကသူ့အပေါ်အပြုအမူတွေကအစနူးညံ့လာတယ်။အရမ်းကြီးမနစ်ဝင်မိအောင်သူ့ဘက်ကစပြီးရှောင်ရှားမိတယ်။လက်လွှတ်ပေးပြီးနောက် သူကျန့်ကောကိုစိတ်သန့်သန့်လေးနဲ့ရှင်သန်စေချင်တယ်။ဝမ်ရိပေါ်ကိုမုန်းတယ်ဆိုတဲ့အသိနဲ့ကျန့်ကောကိုအဆင်ပြေပြေရှေ့ဆက်စေချင်တယ်။ရိပေါ်ရဲ့စိတ်ဆန္ဒကရှောင်းကျန့်ပျော်ပျော်ရွှင်ရွှင်ရှင်သန်နေရစ်ခဲ့ဖို့ပဲ။
"ရိပေါ်...ဘယ်လဲ...ရေထဲမဆင်းနဲ့...မင်းနေမကောင်းဘူး...ဟာ...ဝမ်ရိပေါ်..."
ပြောစကားနားမထောင်ကမ်းစက်နားပြေးထွက်သွားသည့်ရိပေါ်ကြောင့်ရှောင်းကျန့်အသံကုန်အော်လိုက်မိတယ်။ရေစက်နားရောက်မှသူ့ကိုပြန်လှည့်အော်ပြောသည့်ဝမ်ရိပေါ်နှုတ်ဖျားမှစကားလုံးတချို့။
"ကျွန်တော် ကျန့်ကောကိုချစ်တယ်!!!..."
"အရူးလေး!...ပြန်လာခဲ့!!!..."
ခပ်ကျယ်ကျယ်တုံ့ပြန်လိုက်သည့်ရှောင်းကျန့်ကယုန်သွားတွေပေါ်သည်အထိပြုံးတယ်။ပြောမရမှန်းသိသည့်ကောင်ဆိုးလေးကြောင့်ရှောင်းကျန့်လက်ထဲကစုတ်တံကိုချကာရိပေါ်စီပြေးသွားလိုက်တယ်။
"အားးး...အေးတယ်..."
ရေထဲတဝက်ပဲဆင်းရသေးလက်ပိုက်လို့ညည်းမိသည့်ရိပေါ်။ရေထဲလိုက်ဆင်းလာသည့်ကျန့်ကောကမင်းတော်တော်ပြောရခက်ပါလားဆိုကာခါးကြီးထောင့်လို့။
YOU ARE READING
Love Meaning & Its Duty[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]