°15°<Uni>

5.2K 377 11
                                    

UNICODE💫

Love Meaning & Its Duty(15)
••••••••••••••••• * ••••••••••••

"ကျန့်ကော..."

"ဘာ ဘာလဲ...ငါခုနကမင်းကိုဒီတိုင်းပဲ...ဘယ်လိုလဲဆိုတော့..."

"အဟက်...ကျွန်တော်ကဘာပြောလို့လဲ..."

ကုတင်စွန်းမှာထိုင်ကာခေါင်းကုတ်ဖင်ကုတ်အကြောင်းရှာနေသည့်ကျန့်ကောကအတော်အနေခက်နေပုံပဲ။ရိပေါ်မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာကသူ့ကိုယ်ပေါ်အုပ်မိုးထားရင်းနှုတ်ခမ်းကိုအပီအပြင်စုပ်နမ်းနေသည့်ကျန့်ကော။

သူရုန်းလိုက်ရင်ကျန့်ကောရှက်သွားမှာဆိုးတာကြောင့်ဆက်ငြိမ်နေပေးပေမဲ့တော်တော်နဲ့ပြန်မခွာသည့်ကျန့်ကောနှုတ်ခမ်းတွေကြောင့်ရိပေါ်အသက်ရှူကြပ်လာတာမို့ကျန့်ကောရင်ဘတ်ကိုမသိမသာတွန်းလိုက်မိတယ်။

လန့်ဖြန့်ကာနှုတ်ခမ်းကိုလွှတ်ပေးသည့်ကျန့်ကောကရိပေါ်အမောဖြေနေတာကိုတချက်ကြည့်ပြီးမျက်လုံးတွေပြူးကျယ်လာတယ်။အားဆိုကာကမူးရူးထိုးtoiletထဲပြေးဝင်သွားတာနာရီဝက်လောက်ကြာသည်အထိတော်တော်နဲ့ပြန်ထွက်မလာ။

အိပ်ခန်းထဲပြန်ဝင်လာတော့လည်းသူ့ကိုမျက်နှာချင်းမဆိုင်ပဲကုတင်စွန်းမှာကျောပေးလာထိုင်နေတာမို့ရိပေါ်မှာကျန့်ကောကိုအခက်မတွေ့လိုတာကြောင့်ခေါ်လိုက်မိခြင်း။

"ဒါဆို ဘာလိ​ု့ခေါ်တာလဲ..."

"ကျွန်တော်ကျန့်ကောကိုကျေးဇူးတင်စကားပြောချင်လို့...ကျွန်တော့်ကိုဦးလေးလက်ထဲကကယ်ထုတ်ပေးတဲ့အတွက်..."

"မလိုပါဘူး...ငါကမင်းအဲ့လူယုတ်မာကြီးလက်ထဲဒုက္ခရောက်နေတာကိုဒီတိုင်းကြည့်နေရလောက်အောင် အကြင်နာတရားကင်းမဲ့တဲ့သူမဟုတ်ဘူး..."

"အဟင်း...ကျွန်တော်နားလည်ပါတယ်...ဒါနဲ့ကျွန်တော်အဲ့လိုဖြစ်မယ်မှန်းကျန့်ကောဘယ်လိုသိတာလည်း..."

"မင်းမူပျက်နေတာမရိပ်မိလောက်အောင်ငါလူအကဲခတ်မညံ့ဘူးဝမ်ရိပေါ်...ပြီးတော့ကယ်ဗင့်သတိပေးစကားကိုပြန်တွေးကြည့်တော့မင်းဦးလေးကိစ္စမရိုးရှင်းမှန်းငါမှန်းဆနိုင်တယ်..."

Love Meaning & Its Duty[Complete]Where stories live. Discover now