°12°<Uni>

4.9K 406 20
                                    

UNICODE💫

Love Meaning & Its Duty(12)
••••••••••••••• * •••••••••••••

နေမထိထိုင်မထိဖြစ်နေသည့်ရှောင်းကျန့်ကတနေ့တနေ့လူနဲ့စိတ်နဲ့ကပ်တယ်လို့ကိုမရှိ။အိပ်ရာနိုးလို့ဘေစင်ပေါ်သွားတိုက်ဆေးသွားပတ်တံအသင့်ရှိမနေတာကြောင့်စိတ်တိုရတာလည်းအမော။

စိတ်ပြေလက်ပျောက်ပန်းချီဆွဲတော့လည်းရုပ်လုံးကြွလာရင်အလိုလိုဝမ်ရိပေါ်ပုံဖြစ်နေတာခက်သည်။ဘာကိုလွမ်းလို့လွမ်းနေမှန်းမသိသည့်စိတ်ကတခါတခါကျန့်ကောဆိုသည့်ခေါ်သံကိုတောင်းတမိသေးသည်။

ဒုန်း!

"အား...ကျစ်...ဒီထိုင်ခုံနဲ့တော့...ကျွစ်...ကျွစ်..."

ခုံဖနောက်နဲ့အမှုမဲ့ဝင်တိုက်မိတော့ခြေမပါကွဲသွားသည်အထိရှောင်းကျန့်စိတ်တွေပျံ့လွင့်နေသည်။မဆီမဆိုင်ကြိမ်းလိုက်မိသည်ကဝမ်ရိပေါ်ဆိုသည့်လူသားကို။

"ဝမ်ရိပေါ်...မင်းကြောင့် ပြန်လာပါစေဦး...ငါနဲ့တွေ့ဦးမယ်...ဟွင်း..."

သွေးထွက်နေသည့်ဒဏ်ရာကိုဂွမ်းနဲ့ဟိုတို့ဒီတို့လုပ်ရင်းရှောင်းကျန့်မှာဝမ်ရိပေါ်ကိုပြန်လာစေချင်စိတ်ကကွာရှင်းရမယ်ဆိုတဲ့အသိနဲ့လွန်ဆွဲသည်။

"မဟုတ်သေးဘူး...မင်းပြန်လာလို့မရသေးဘူး...ဟာ ကျစ်...ဘာတွေလဲကွာ..."

တွေးလေရှုပ်ထွေးလာလေဖြစ်နေသည့်စိတ်ကြောင့်ရှောင်းကျန့်ကုတင်ပေါ်ပက်လက်လှန်ချလိုက်တယ်။တငြိမ့်ငြိမ့်ဆပလိမ်မွေ့ယာကြီးကြောင့်လူကတအိအိ။

ဟူးခနဲလေပူတချက်မှုတ်ထုတ်လိုက်ပြီးhandphoneလေးထောင်ကြည့်မိသည်ကတပတ်ပြည့်ဖို့ဘယ်နှရက်လိုသေးကြောင်းသိချင်လို့။

နှစ်ရက် နောက်နှစ်ရက်ဆိုဝမ်ရိပေါ်ကဒီပြန်လာပြီးသူ့ကိုကွာရှင်းပေးတော့မည်။ဆံပင်နက်နက်တွေကိုထိုးဖွရင်းရှောင်းကျန့်စိတ်အလိုမကျခြင်းကြောင့်မွေ့ယာကိုလက်သီးစုတ်နဲ့တဘုန်းဘုန်းထုတယ်။

Ring>>>📲
တုန်ခါလာသည့်ဖုန်းလေးကြောင့်ရှောင်းကျန့်ကုတင်ပေါ်ပစ်တင်ထားတဲ့handphoneလေးကိုကောက်ကိုင်လိုက်တယ်။

Love Meaning & Its Duty[Complete]Where stories live. Discover now