ညအမှောင်ထဲမှာ တစ်ယောက်ထဲလမ်းလျှောက်နေတဲ့ကောင်မလေးတစ်ယောက်.....
In girl's mind:ငါ ငယ်ငယ်ထဲကအခုချိန်ထိ လွတ်လပ်မှုဆိုတာကိုမခံစားရသေးဘူး။တစ်ခါတစ်လေကျရင် အရမ်းအထီးကျန်တယ်။ ငါအခုချိန်ထိ နေခဲ့တဲ့ဘဝကြီးက အဓိပ္ပါယ် မရှိသလိုပဲ။အခုလည်း အိမ်ပြန်သွားရင် အဆူခံရအုံးမယ်။ ဟင်း စိတ်ညစ်လိုက်တာ။
အိမ်ပြန်ရောက်သော်.....
Her Mom"ညဉ်း အိမ်ပြန်လာပြီပေါ့
ဆောင်းယွန်း"Song Yoon"ဟုတ်"
Her Mom"ငါ့ကို နှင်းစက် အမေဖုန်းလှမ်းဆက်တယ်"
သူမအမေ ထိုသို့ပြောလိုက်သည်နှင့် သူမမျက်နှာ သိသိသာသာ ပျက်သွားသည်။
Her Mom"ညဉ်း ဒီလ အဆင့် ၃ဆို"
ဆောင်းယွန်း မှာ ခေါင်းငုံ့၍သာ သူမအမေပြောသည်ကို နားထောင်နေသည်။
Her Mom"အဆင့် ၁ ယူဖို့ ညဉ်း အတွက် အဲ့လောက်တောင် ခက်နေတာလား ဟမ်ညဉ်းက ဥာဏ်ရည်မမှီတဲ့ သူလည်း မဟုတ်ဘူး အဆင့် ၁လေးတောင် အဖြစ်ရှိအောင်မယူနိုင်ရင် ညဉ်း ဒီမိသားစုရဲ့ သမီး ဖြစ်မလာသင့်ဘူး"
Song Yoon"သမီးတောင်းပန်ပါတယ် မေမေ သမီးကြိုးစားပါ့မယ် ဒီတစ်ခေါက် လပတ်က နည်းနည်းမှားတာလေးတွေရှိသွားလို့ ၁နဲ့အမှတ်ကွာသွားတာပါ နောက်အဲ့လိုမဖြစ်စေရပါဘူး သမီးကြောင့်နဲ့ မေမေနဲ့ ဖေဖေ မျက်နှာမငယ်စေရပါဘူး"
Her Mom"အေး ပြီးတာပဲ ညဉ်း စကားနဲ့ညဉ်းနော် ငါပြန်ပြီ နောက်လ ငါအိမ်ကိုလာလို့ ညဉ်း အဆင့် ၁မရဘူးဆိုရင် ညဉ်းကို ကျူရှင်နောက်တစ်ခု ထပ်ထားမယ်"
သူမအမေ ထိုသို့ပြောပြီး ဆောင်းယွန်းကို
အိမ်ကြီးထဲတွင် ထားခဲ့ကာ ထွက်သွားသည်။သူမအမေထွက်သွားပြီးနောက် အိမ်အကူ ဒေါ် ဖြူရောက်လာ၍....
ဒေါ်ဖြူ"ပြန်လာပြီလား ယွန်းလေးရဲ့ ဒေါ်လေး ကြက်သားဟင်းလေး ချက်ထားတယ် သမီး ကျူရှင်ကပြန်ရောက်ကတည်းက ဘာမှမစားရသေးဘူးမလား"
ဆောင်းယွန်း တစ်ချက်ပြုံးပြ၍...
Song Yoon"ဟုတ်ကဲ့ဒေါ်လေး သမီး အပေါ်တက် အဝတ်အစားလဲ ရေချိုးပြီးမှ စားမယ်နော်"
YOU ARE READING
THE STORY