Episode 4(Unicode)

475 31 0
                                        

နောက်တစ်နေ့ ဆောင်းယွန်းပုံမှန်အတိုင်းပင် ကျောင်းလာသည်။
ကားပေါ်မှဆင်း၍ ကျောင်းထဲသို့ဝင်ရန်လမ်းလျှောက်နေစဥ် ကျောင်းရှေ့တွင်

ကားတစ်စီး ဗွက်အိုင်ကိုဖြတ်မောင်းသွား ပြီး ရေများ ဆောင်းယွန်း၏ အက်ျီသို့လာဆင်သည်။

Song Yoon"ဟာ ဒုက္ခပဲ ကားကာလည်းဘယ်လို မောင်းသွားမှန်းမသိဘူး၊သေချင်း
ဆိုး ကားဆရာ"

တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိ စိတ်ညစ်ပြီး ရပ်နေစဥ်

ရှင်းသန့် သူ့အစ်ကို၏ ဆိုင်ကယ်နောက်
တွင် ထိုင်ကာ ကျောင်းသို့ရောက်လာသည်။ ဆိုင်ကယ်မှဆင်းခါနီး ဆောင်းယွန်းရေတွေစိုကာ ရပ်နေသည်ကိုတွေ့လိုက်ရတော့ ရှင်းသန့် သူ့အစ်ကိုဘက်ကိုလှည့်လိုက်ပြီး

ရှင်းသန့်"ကိုကြီး ကျောင်းဝတ်စုံတစ်စုံ ​ပြန်
လာပို့ပေးလို့ရလား"

ရှင်းသန့်ရဲ့အစ်ကို"ရတာတော့ရတယ်လေ ငါဒီနေ့ ဘာမှလုပ်စရာမရှိဘူး နင်ကဘာလုပ်မလို့လဲ"

ရှင်းသန့်"ညီမလေးရဲ့ သူငယ်ချင်းတစ်ယောက် အက်ျီရေတွေစိုသွားတယ် ထင်တယ်။ အဲ့ဒါသူ အဲ့တိုင်းကြီး တစ်နေ့ကုန်နေလို့ရမယ်မထင်ဘူး၊ အဲ့ဒါကြောင့် သူ့ကိုပေးမလို့လေ"

ရှင်းသန့်ရဲ့အစ်ကို"သြော် အေးပါ လာပို့မယ်လေ ကျောင်းမတက်သေးဘူးမလား။ ခဏပဲစောင့် ပြန်လာခဲ့မယ်၊ သွားပြီ"

ရှင်းသန့်"အင်း၊ မြန်မြန်ပြန်လာခဲ့နော်"

ရှင်းသန့်ရဲ့အစ်ကို"အေးပါ"

ရှင်းသန့်ရဲ့အစ်ကို ပြန်ထွက်သွားပြီး ရှင်းသန့်လည်း ဆောင်းယွန်းကို လှည့်ကြည့်လိုက်သည်။ ခုနကနေရာမှာ ရပ်၍နေတုန်းပင်။ ဆောင်းယွန်း၏ အနားသို့လျှောက်သွားပြီး

ရှင်းသန့်"အက်ျီရေစိုသွားလို့လား"

ဆောင်းယွန်းကြည့်လိုက်တော့ မနေ့က ကောင်မလေးဖြစ်နေသည်။

Song Yoon"အင်း"

ထိုမျှသာပြောသည်။

ရှင်းသန့်"ငါ့ကိုခုနက ငါ့အစ်ကိုက ကျောင်းလိုက်ပို့တာ၊ နင်ရေတွေစိုနေတာကို တွေ့လိုက်တော့ သူ့ကို ကျောင်းဝတ်စုံတစ်စုံ ပြန်လာပို့ပေးဖို့ပြောလိုက်တယ်၊ နင်ဝတ်ချင်မယ်ဆိုရင် ဝတ်ပေါ့၊ မဝတ်ချင်လည်းရပါတယ်။"

THE STORYWhere stories live. Discover now