Episode 16(Unicode)

153 3 1
                                    

Song Yoon"အခုကဘယ်ကိုသွားအုံးမှာလဲမသိဘူး"

သူမတို့ Happy World ကနေ နောက်တစ်နေရာထပ်သွားဖို့ ကားပေါ်ပြန်ရောက်နေကြချိန် ဆောင်းယွန်းကပြောလိုက်​ခြင်းပါ။

အရှေ့ခုံမှ နှင်းစက်ကပြန်ပြောသည်။
နှင်းစက်"ခုနက tr ပြောနေတာတော့ရွှေတိဂုံဘုရား ဆိုလားပဲ"

Song Yoon"သြော် အဲ့ဒါဆို ခဏလေးပဲစီးရမှာပေါ့ကားက၊ နီးနီးလေးဆို​တော့"

နှင်းစက်"အေးပေါ့၊ ငါတောင်ဝေးဝေးသွားရမှာဆိုရင် အိပ်အုံးမလို့၊ အခုတော့ ဘုရားဖူးပြီးလို့ ကျောင်းကိုပြန်မှပဲအိပ်ရတော့မယ်"

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

"ကျွန်တော်မသိဘူး ဆရာ၊ ဘာလို့လဲ?"

"သူ့အဖေက Song Ki Jun လေ"

"သြော် ဟိုတစ်ခါက ကျွန်တော်တို့ ပါတီ ကနေထွက်ပြီး ကိုယ်တိုင် ပါတီထောင်သွားတဲ့ စီးပွားရေးလုပ်ငန်းရှင် Mr.Song ရဲ့သမီးလား?"

"ဟုတ်တယ် Ki Jun ကထက်တယ်။ နိုင်ငံရေးလှည့်ကွက်တွေနဲ့ အကွက်ကျကျကစားတတ်တယ်။ သူ့ကို ထောက်ခံတဲ့ ပြည်သူလည်း အခိုင်အမာရှိတယ်။ သူ့လိုလူမျိုးသာ ငါတို့ဘက်မှာဆက်ရှိရင် သေချာပေါက် အကျိုးအများကြီးရှိမှာ။ ဒါပေမယ့် သူကငါနဲ့ မိတ်ဆွေဖြစ်ဖို့ထက် ပြိုင်ဘက်ဖြစ်ဖို့ကို ရွေးချင်နေတာ၊ အဲ့တော့သေချာပေါက် ငါ့ဘက်ပါလာအောင် ငါကပဲကြံတော့မလို့လေ"

"နားလည်ပါပြီ ဆရာ"

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

"ကဲ ကဲ သမီးတို့ရေ ဘုရားရောက်ပြီ။ ဒါနောက်ဆုံးနေရာပဲ ဆင်းကြ၊ဆင်းကြ"

ကားခေါင်းခန်းမှရပ်ပြီး tr.thuzar ကအော်ပြောသည်။

အားလုံးလည်း ကိုယ့်ပစ္စည်းတွေကိုယ်ယူကာ ဖိနပ်တွေချွတ်ရင်း ကားပေါ်မှဆင်းကြသည်။

လူအရမ်းများတာမို့ ဓာတ်လှေကားနှင့် မတက်ဘဲ လမ်းလျှောက်၍လှေကားမှတက်ကြသည်။

ညနေစောင်းနေပြီမို့ အနည်းငယ်တော့မှောင်စပြုနေပြီဖြစ်သည်။

လှေကားထစ်တစ်လျှောက်တွင် လက်ကောက်၊ယပ်တောင်၊ဆင်းတုတော်၊ဘုရားပစ္စည်း စသည်ဖြင့်ရောင်းသည့် ဆိုင်များဖြင့် ရှိသည်။

THE STORYWhere stories live. Discover now