ဆောင်းယွန်း ဒီနှစ်ဆို ၉တန်းတက်ရတော့မည်ဖြစ်သည်။
သို့သော်လည်း ဆောင်းယွန်း၏ ဘဝသည် ခြောက်ကပ်မြဲ ခြောက်ကပ်ဆဲပင်။
မနက်ဖြန်သည် ဆောင်းယွန်း ၉တန်းကျောင်းသူအဖြစ် ကျောင်းတက်ရမည့်ပထမဆုံးနေ့ဖြစ်သည်။နောက်နေ့မနက်...
ဆောင်းယွန်းကျောင်းသွားရန်ပြင်ဆင်နေသည်။
မှန်ရှေ့တွင် မိမိ၏ ဆံပင်အရှည်ကို ဘီး
ဖြင့်သေချာဖြီးနေသည်။
ထို့နောက် မှန်ရှေ့တွင်ရပ်၍ မိမိကိုယ်ကိုကြည့်သည်။ဆောင်းယွန်းလေးသည် Korea သွေးပါသဖြင့် အသားအလွန်ဖြူသည်။
သို့သော် ဗမာ သွေးလည်းပါသဖြင့် အခြား Korea လူမျိုးများကဲ့သို့ မျက်လုံးမမှေးပေ။ သူမ၏ မျက်ဝန်းလေးများသည် အလွန်လှပေသည်။
ရုတ်တရက်ကြည့်လိုက်လျှင် အရုပ်ကလေးတစ်ရုပ်အတိုင်းပင်။အခန်းရှေ့သို့ ဒေါ်ဖြူ ဆောင်းယွန်းကိုနိုးရန်ရောက်လာပြီး အခန်းတံခါးကိုခေါက်ကာ ပြောသည်။
ဒေါ်ဖြူ"ယွန်းလေးရေ ဒီနေ့ပထမဆုံးတက်ရမယ့် နေ့မလား ထတော့လေကွယ်"
မှန်ရှေ့တွင်ပြင်ဆင်နေသာ ဆောင်းယွန်းမှ
Song Yoon"သမီး နိုးနေပြီ ဒေါ်လေး
ခဏနေ အောက်ဆင်းလာခဲ့မယ်နော်"ဒေါ်ဖြူ"သြော် အေးအေး"
ခဏအကြာတွင် အောက်သို့ဆင်းပြီး
မနက်စာစားကာ အိမ်ရှေ့သို့ထွက်၍ ကျောင်းသွားရန် Driver ဦးညို
ထွက်အလာ ကိုစောင့်သည်။ဦးညိုထွက်လာပြီး..
ဦးညို"သမီး ယွန်းရေ ဦးအိပ်ရာထနောက်ကျသွားလို့ သမီးကို စောင့်ခိုင်းထားမိပြီ sorry ပါကွယ်"
ဆောင်းယွန်း ပြုံးပြ၍
Song Yoon"ရပါတယ် ဦးညိုရယ် နည်းနည်းလောက် စောင့်ရတာလေးနဲ့ ဘာမှ
မဖြစ်ပါဘူး"ဦးညို"အေးပါ သမီးကျောင်းနောက်ကျနေအုံးမယ် သွားကြမယ်လေ"
Song Yoon"ဟုတ်"
ကျောင်းရှေ့ရောက်တော့ ဆောင်းယွန်းကားပေါ်မှ ဆင်းသွားပြီး ကျောင်းဝန်းထဲဝင်သွားသည်။
YOU ARE READING
THE STORY