Essay အတူတူရေးတဲ့နေ့ပြီး ကတည်းက
ဆောင်းယွန်းနဲ့ ရှင်းသန့် ပိုပြီးနီးကပ်လာခဲ့သည်။ ဆောင်းယွန်း၏ အဖေသည်လည်း
ကြီးကြီးမားမား ဒဏ်ရာမရပဲ နှစ်လလောက်သာ ဆေးရုံတက်လိုက်ရသည်။ရှင်းသန့်သည် သူမအတွက် ပထမဆုံးအနေနဲ့ ချစ်မိတဲ့အချစ်ဦး ဖြစ်တဲ့ ဆောင်းယွန်းကို အမြဲစိတ်ချမ်းသာအောင်ထားသည်။ ဆောင်းယွန်းသာပျော်မယ်ဆိုရင် ရှင်းသန့်က ဘာပဲလုပ်ရလုပ်ရပေါ့။
သို့ပေမယ့် ဆောင်းယွန်းကိုတော့ ဖွင့်မပြောရဲသေးတာမို့ သူငယ်ချင်းဆိုတဲ့စည်းလေး ထဲမွာပဲ ငြိမ်းချမ်းစွာ နေခဲ့သည်။
ဆောင်းယွန်းသည်လည်း ရှင်းသန့်ကိုဆိုအရမ်းဂရုစိုက်သည်။ သူမရဲ့ခံစားချက်တွေကို မြိုသိပ်မထားပဲ ပထမဆုံးအကြိမ်အနေနဲ့ ရင်ဖွင့်လို့ရခဲ့တဲ့သူ၊ သူမရဲ့ဝမ်းနည်းမှုတွေကို မျှဝေခံစားပေးပြီး နှစ်သိမ့်ပေးခဲ့တဲ့တစ်ဦးတည်းသောသူ ဖြစ်တဲ့ရှင်းသန့်ကို သူမအရမ်းခင်သည်။
ကျောင်းမုန့်စားဆင်းချိန်တွင်. . . . .
အတန်းပိုင် ဆရာမအခန်းထဲသို့ဝင်လာသည်။
ဆရာမ"အားလုံးနားထောင်ကြပါ။ တီချယ်ပြောစရာလေးရှိလို့ပါ။ မုန့်စားမဆင်းသေးပါနဲ့အုံး ခဏေလးပါ။"
အခန်းပြင်သို့ထွက်ရန် ပြင်နေသော ခြေလှမ်းများရပ်တန့်သွားကြပြီး နေရာမှာပြန်ထိုင်လိုက်ကြသည်။
ဆရာမ"အရင်နှစ်တွေကလိုပဲ ဒီအခန်းထဲကနေ သချ်ာစွမ်းရည်ဖြေဖို့တစ်ယောက် English စွမ်းရည် ဖြေ ဖို့တစ်ယောက်ရွေးမယ်၊ ဟိုဘက် ယောက်ျားလေးအခန်းကလည်း အတူတူပဲ တစ်ယောက်စီပါလာမှာ။
အဲ့တော့ သမီးတို့ထဲက အတန်းရဲ့ကိုယ်စား စွမ်းရည်ဖြေပေးချင်ပါတယ်၊ အတန်းရဲ့ဂုဏ်၊ကျောင်းရဲ့ဂုဏ် ဆောင်ချင်ပါတယ်ဆိုတဲ့ သူရှိရင် အခုပြောပေးပါ။ ၂ယောက်လောက်ပဲလိုတာပါ။ ဖြေမယ်ဆိုရင်တော့ သေချာကြိုးစားရမှာနော်။ ပြီးတော့ ဖြေ
မယ့်သူတွေက မနက်ဖြန်ကစပြီး အခန်းတစ်ခန်းမှာ စာစုပြီးကြည့်ကြရမှာ။ သိပ်တော့မကြာပါဘူး ၂ပတ်လောက်ပဲ။ ပြောကြပါ ဖြေမယ်ဆိုတဲ့သူများမရှိဘူးလား"
YOU ARE READING
THE STORY