ရှင်းသန့် အခန်းထဲကထွက်လာ ကတည်းက တစ်ယောက်တည်း အတွေးအမျိုးမျိုးဖြင့် စိတ်ပူနေသည်။
In Shin Thant's mind:ဟိုတစ်ယောက်နာမည်က ရှိုင်းထက်ပေါ့။ သူကယွန်းအပေါ် ရိုးသားရဲ့လား။ ယွန်းကရော၊ ယွန်းကတော့ စိတ်ထဲဘာမှမရှိတဲ့ပုံပါပဲ။ ပုံမှန်တိုင်းပဲ။ ဒါပေမယ့် ရှိုင်းထက်ရဲ့ စိတ်ထဲမှာ ယွန်းရှိနေရင်ရော၊ ယွန်းကလည်း အနေနီးလို့ဆိုပြီး ပြန်ပြီး စိတ်ယိုင်သွားမယ်ဆိုရင်ရော?
ရှင်းသန့် သက်ပြင်းချလိုက်သည်။
In Shin Thant's mind:တကယ်ဖြစ်နေတာမဟုတ်သေးပဲ အဲ့လို စဥ်းစားမိလိုက်ရုံလေးနဲ့တင် အရမ်းနာကျင်ရတာပဲ။တကယ်သာအဲ့လိုဖြစ်သွားခဲ့ရင်?
တွေးရင်း တွေးရင် ဝမ်းနည်းလာသည်။
In Shin Thant's mind:ယွန်းသာ ရှိုင်းထက်နဲ့ ကြိုက်သွားလည်း မကောင်းတာမှမရှိပဲလေနော်။ ရှိုင်းထက်က စာလည်းတော်တယ်။ ရုပ်လည်းမဆိုးဘူး။ စိတ်ထားလည်း ကောင်းမယ့်ပုံပါပဲ။ ငါကသာ ယွန်းကို ပုံမှန်မဟုတ်ပဲ သူငယ်ချင်းထက်ပိုနေမိတာ။ ယွန်းအတွက်တော့ မိန်းကလေးချင်းတွဲတာထက် စာရင် ယောက်ျားလေးတစ်ယောက်နဲ့ တွဲတာပိုသာတယ်မလား? ပိုသဘာဝကျတယ်လေ။ အကဲ့ရဲ့ခဲရမှာလည်းမဟုတ်တော့ဘူး။ ဒီလိုကျတော့လည်း ယွန်းက ရှိုင်းထက်နဲ့လိုက်ဖက်လွန်းနေလိုက်တာ။ ငါကသာ ကြားထဲက အနှောင့်အယှက်ဖြစ်နေတာပဲ။
ရှင်းသန့် ပိုပိုပြီးဝမ်းနည်းလာမိသလို ကိုယ့်ကိုကိုယ်လည်း စိတ်အားငယ်လာသည်။
ရှင်းသန့် ဆုံးဖြတ်ချက်ချလိုက်တော့သည်။In Shin Thant's mind:နောက်နေ့ကစပြီး ယွန်းအနားမှာ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်နဲ့ပဲ ရှိနေပေးတော့မယ်။ ဟုတ်တယ်။ ယွန်းကိုချစ်ပေမယ့် အဲ့လိုကပဲ ပိုကောင်းပါတယ်လေ။
Time Skip......
ရှင်းသန့် ဆောင်းယွန်းကိုပြောခဲ့သည့်အတိုင်း နေ့လယ် ၂နာရီလောက်ရောက်တော့ ဖုန်းခေါ်လိုက်သည်။
ဆောင်းယွန်း ဖုန်းသံကြားလို့ သွားကြည့်လိုက်တော့ ရှင်းသန့်ရဲ့နံပါတ်မှန်း တန်းသိလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ပင် ဖုန်းကိုင်လိုက်သည်။
Song Yoon"Hello"
YOU ARE READING
THE STORY