Episode 10(Unicode)

357 28 4
                                    

အခန်းထဲသို့ဝင်လာသော ရှင်းသန့်ကိုတွေ့တော့. . . .

ကြည်ဖြူ"အမယ်လေး ပြန်လာပြီပေါ့၊ နင်ဘယ်တွေလျှောက်သွားနေတာလဲဟယ်၊ မပြောမဆိုနဲ့ ဝုန်း ဒိုင်းဆိုပြီးထွက်သွားတာ"

နှင်းစက်"ဟုတ်ပ မေးချိန်တောင်မရလိုက်ဘူး ထွက်သွားတာများ"

ရှင်းသန့်လည်း စိတ်ထဲကမပါပဲ ရယ်လိုက်ပြီး

ရှင်းသန့်"ဘာမှမဟုတ်ပါဘူး ဒီတိုင်း toilet ခဏသွားတာ၊ နင်တို့မုန့်သွားမစားဘူးလား"

နှင်းစက်"ယွန်းကိုစောင့်နေတာလေ၊ သူလာမှ အတူတူသွားကြမလို့"

ရှင်းသန့်လေသံတိုးတိုးဖြင့်
ရှင်းသန့်"သူကဖြင့်စကားတွေပြောပြီး သာယာနေတာကို"

ရှင်းသန့်ဘာပြောလဲ ရှင်းလင်းစွာမကြားလိုက်ရတော့

နှင်းစက်"ဟမ် ဘာပြောလိုက်တာ"

ရှင်းသန့်"အာ ဘာမှမဟုတ်ပါဘူး၊ ငါတော့မစောင့်တော့ဘူးနော် မနက်ကတည်းက ဘာမှမစားလာလို့ ဗိုက်ဆာနေတာ၊ အဲ့ဒါကြောင့်သွားနှင့်ပြီ။"
ပြောရင်းနှင့်ပင် ရှင်းသန့် ပြေးထွက်သွားပြန်သည်။

ကြည်ဖြူ"ဟဲ့ သြော် ထွက်သွားပြန်ပြီ"

ခဏနေမှ အခန်းထဲသို့ဝင်လာသော ဆောင်းယွန်း

Song Yoon"ဘာတွေလုပ်နေကြ၊ မုန့်စျေးတန်းသွားမယ်လေ"

ကြည်ဖြူ"အင်းလေ နင့်ကိုစောင့်နေတာ"

Song Yoon"သြော်"
ပြောရင်း ဘေးကိုကြည့်လိုက်တော့ နှင်းစက်ကိုသာတွေ့ရပြီး ရှင်းသန့်ကိုမတွေ့ရသဖြင့်

Song Yoon"သန့်ရော၊ သန့်ကိုလည်းမတွေ့ပါလား၊ ကျောင်းမတက်ဘူးလား၊ ဒါပေမယ့် လွယ်အိတ်ကြီးလည်းတွေ့ပါတယ်၊ သန့်ကဘယ်ရောက်"

ပြောရင်း ဟိုကြည့်ဒီကြည့်ဖြင့် အခန်းထဲတွင် ရှင်းသန့်ကိုလိုက်ရှာနေသည်။

နှင်းစက်"သူ မနက်ကတည်းက ဘာမှမစားလာဘူးတဲ့ အဲ့ဒါ ဗိုက်ဆာတယ်ဆိုပြီး မုန့်စျေးတန်းကို တစ်ယောက်တည်းထွက်သွားတယ်"

အနည်းငယ် စိတ်မကောင်းဖြစ်သွားသောအသံဖြင့်
Song Yoon"သြော်"

In Song Yoon's mind:သန့်ကစောင့်တောင်မစောင့်ဘူးနော်။ အရမ်းဗိုက်ဆာနေလို့များလား။ အင်း ဟုတ်မှာပါလေ။ ထားလိုက်ပါတော့။

THE STORYWhere stories live. Discover now