အရေးကြီးတဲ့ နေ့တစ်နေ့ဖြစ်သည့်အတွက် ဆောင်းယွန်း မနက်စောစောထလာသည်။
ရေချိုး၊ အဝတ်စားလဲပြီး အောက်သို့ဆင်းသွားသည်။
အောက်တွင် ဒေါ်ဖြူက အဆင်သင့်စောင့်နေသည်။ဒေါ်ဖြူ"သေချာဖြေခဲ့နော် ယွန်းလေး"
Song Yoon"ဟုတ်"
မနက်စာစားပြီး ဦးညိုနှင့်အတူ ကျောင်းသို့သွားသည်။
ကျောင်းရောက်ကတည်းက သူမစိတ်လှုပ်ရှားနေသည်။
ခုံတစ်ခုံတွင်ထိုင်ကာ မျက်စိမှိတ်ပြီး သူမကိုယ်သူမပြန်ထိန်းနေသည်။
In Song Yoon's mind:စိတ်လျှော့ စိတ်လျှော့၊ ငါလုပ်နိုင်ပါတယ်။ စိတ်အေးအေးထား ဆောင်းယွန်း၊ စိတ်အေးအေးထား။ရှင်းသန့်"ဘာလုပ်နေတာလဲယွန်းရဲ့"
ဆောင်းယွန်း အသံကြားသဖြင့် အံ့သြ သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့
သူမအရှေ့မှာ ရပ်နေသော ရှင်းသန့်Flash Back Start . . . . . .
ရှင်းသန့် ဆောင်းယွန်းနှင့်တွေ့ချင်သဖြင့်ကျောင်းသို့အစောကြီး ထွက်လာခဲ့သည်။ ဆောင်းယွန်းသာ နောက်တစ်ဆင့်ပါသည်ဆိုလျှင် ဒီနေ့လည်း ဆောင်းယွန်းကို မမြင်လိုက်ရမှာစိုးသောကြောင့် ဖြစ်သည်။အမြဲအိပ်ရာထ နောက်ကျတတ်တဲ့ ရှင်းသန့်၊ ကျောင်းစောစောရောက်လေ့မရှိတဲ့ ရှင်းသန့်က ဆောင်းယွန်းကိုတွေ့ချင်၊ မြင်ချင်သော ဆန္ဒ၊ ဆောင်းယွန်းသာ နောက်တစ်ဆင့်ပါလျှင် စာကောင်းကောင်းဖြေနိုင်ဖို့ အားပေးစကား ပြောချင်သောဆန္ဒတို့ဖြင့် စောစောထခဲ့သည်။
ကျောင်းရောက်တော့ အခန်းထဲလွယ်အိတ်ဝင်ထားပြီး ဆောင်းယွန်းတို့လေ့ကျင့်သည့်အခန်းသို့ အတက်ကြွဆုံး ခြေလှမ်းများနှင့် ရှင်းသန့်လျှောက်လာခဲ့သည်။
အခန်းထဲမှာ မျက်လုံးမှိတ်ပြီး ထိုင်နေသော ဆောင်းယွန်းကို တွေ့လိုက်ရသည်။
In Shin Thant's mind:တစ်ရက်လေးမတွေ့ရတာတောင် လွမ်းနေတာယွန်းရဲ့။ ယွန်းကတော့သိမှာမဟုတ်ဘူးပေါ့။
မျက်လုံးတွေ မှိတ်ထားပါလား။ ဘာလုပ်နေတာလဲမသိ။
YOU ARE READING
THE STORY