Episode 3(Unicode)

546 35 0
                                        

နောက်တစ်မျက်နှာသို့ ဆက်၍ဖတ်ကြည့်သည်။

"Date 3.4.2018

                 အခုအချိန်က 6 တန်းပြီးသွားတဲ့ နွေရာသိီကျောင်းပိတ်ရက်ပေါ့လေ။
သူများတွေအတွက်သာ ကျောင်းပိတ်ရက်ပေမယ့် ငါကတော့ နောက်တစ်နှစ်အတွက် စာတွေကြိုကြည့်နေရတာမလို့ ကျောင်း
ဖွင့်တဲ့ရက်နဲ့မခြားပါဘူး။တဖြည်းဖြည်း တော့ နားလည်လာပါပြီ။ ဖေဖေနဲ့မေမေက ငါ့ကိုတစ်ချိန်မှာ သူတို့ရဲ့ အမွေတွေကိုဆက်ခံ နိုင်မယ့် ထူးချွန်ထက်မြက်တဲ့သူ တစ်ယောက် ဖြစ်စေချင်လို့ စာကြည့်ပဲအတင်းလုပ်ခိုင်းနေတယ်ဆိုတာ။ ပြီးတော့ ဖေဖေပြန်မလာတာကလည်း ငါ့အတွက် ပိုက်ဆံ တွေအများကြီး ရှာနေလို့ ဆိုတာကိုပေါ့။ အဲ့လိုတွေးကြည့်တော့လည်း ငါ့ကို လုံးဝဂရုမစိုက်ကြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ယောက်လုံးသာ  ငါ့အနားမှာရှိရင် ကောင်းမှာပဲနော်။ ဆရာမက English Essay မှာ Father အကြောင်းရေးခိုင်းတာတို့၊ မြန်မာစာစီစာကုံး ကို အဖေအကြောင်းရေးခိုင်းတာတို့ဆိုရင် ဖေဖေ့ကို သတိရတယ်။ ပြီးတော့ တခြားကောင်မလေးတွေဆိုရင် သူတို့အဖေတွေက နေ့တိုင်း ကျောင်းအကြိုအပို့လုပ်ပေးကြတယ်။ သူတို့အရမ်း ကံကောင်းတာပဲ။ ပြီးတော့ တခြား အမေတွေဆိုလည်း နေ့တိုင်း ထမင်းချိုင့် ထုတ်ပေးတာတို့၊ မနက်တိုင်း ကျောင်းသွားဖို့ ပြင်ပေးတာတို့ လုပ်ပေးကြတယ်။
ဆုပေးပွဲတို့ မိဘဆရာအစည်းအဝေး တို့ လုပ်တိုင်းလည်း သူများတွေက မိဘအစုံအလင်နဲ့ ငါက​တော့ တစ်ယောက်
တည်းပေါ့၊ ဒီလိုတစ်ယောက်တည်း နေရတာနဲ့လည်း နေသားကျနေပါပြီလေ"

In ရှင်းသန့်'s mind:အခုမှပဲ ငါ့ကိုယ်ငါကံကောင်းတဲ့သူဆိုတာ စဥ်းစားမိတော့တယ် ​ငါတို့မိသားစုက အရမ်းမချမ်းသာရင်တောင် ဒီကောင်မလေးလိုတော့ အမြဲအထီးကျန်မနေခဲ့ဘူးလေ။ သူ အရမ်းစိတ်ညစ်ရတဲ့ အချိန်တွေလည်း ရှိခဲ့မှာပဲ။

နောက်တစ်ရွက်ကို ဆက်လှန်ကြည့်တော့ ဗလာ ဖြစ်နေသည်။

ရှင်းသန့်"ဟမ် ၂၀၁၈က နောက်ဆုံးရေးထားတာပဲ၊ သူအခုနောက်ပိုင်း Diary ဆက်မရေး ဖြစ်တော့ဘူး ထင်တယ်။
ဒါနဲ့ သူက ဘာလို့ Diary စာအုပ်ကြီး ကျောင်းကိုယူလာလဲမသိဘူး။ ထားပါတော့ မနက်ဖြန်မှပဲ သူ့ပြန်ပေးလိုက်တော့မယ်"

THE STORYWhere stories live. Discover now