အခုဆို မနက်တိုင်း ဆောင်းယွန်းကိုလွမ်းရတာက ရှင်းသန့်ရဲ့အလုပ်ဖြစ်နေပြီ ဖြစ်သည်။ မနက်တိုင်းလည်း မုန့်စားဆင်းချိန်ကိုသာ အမြဲမျှော်နေသည်။ ဆောင်းယွန်းအပေါ်မှာ ရွိတဲ့ ရှင်းသန့်ရဲ့ချစ်ခြင်းတွေဟာလည်း တစ်ရက်ထက် တစ်ရက် ပိုပိုပြီး ခိုင်မာလာခဲ့သည်။
ဆောင်းယွန်းလည်း ရှင်းသန့်ကိုချစ်ပါသည်။ သို့ပေမယ့် သူငယ်ချင်းဟူသော ခေါင်းစဉ်လေးရဲ့ အောက်၌သာဖြစ်သည်။
ခဏေနေတာ့ ဆောင်းယွန်း အခန်းထဲဝင်လာသည်။
Song Yoon"သွားမယ်လေ"
နှင်းစက်"သြော် ရောက်တောင်ရောက်လာပြီ၊ အေးအေး သွားမယ်"
ရှင်းသန့်ကတော့ ဘာမှမပြောပဲ ဆောင်းယွန်းကိုသာ မျက်တောင်မခတ်ပဲ ပြုံး၍စိုက်ကြည့်နေသည်။
In Shin Thant's mind:တစ်နေ့ထက် တစ်နေ့ပိုပိုပြီး ချစ်ဖို့ကောင်းလာပါလား၊ယွန်း။ ယွန်းကတော့ ဘယ်သိမလဲနော်၊ မနက်တိုင်း ယွန်းကိုထိုင်ငေးနေကြ ကောင်မလေး တစ်ယောက်ရှိတယ်ဆိုတာနဲ့ အဲ့ကောင်မလေးက ယွန်းကိုအရမ်းချစ်တယ်ဆိုတာကိုပေါ့၊ အင်း တစ်နေ့နေ့ကျရင်တော့ သိလာအောင်ပြောပြလို့ရရင်ကောင်းမှာပဲနော်။
ရှင်းသန့်တွေးနေရင်း အနည်းငယ်ဝမ်းနည်းမိသွားသည်။
ဆောင်းယွန်း ရှင်းသန့်ကိုပြုံးပြလိုက်ပြီး
Song Yoon"ဘာလို့ အဲ့လောက်ကြည့်နေတာလဲ သန့်ရဲ့"
ရှင်းသန့် အကြည့်လွှဲလိုက်ပြီး
ရှင်းသန့်"အာ ဘာမှမဟုတ်ပါဘူး ဒီတိုင်းပါပဲ"
ရှင်းသန့်ထိုသို့ပြောပေမယ့် ဆောင်းယွန်း
တစ္ခုခုဆိုတာ သိနေသည်။In Song Yoon's mind:သန့်ရဲ့ အကြည့်တွေကတစ်မျိုးပဲ၊ အခုနောက်ပိုင်းပို သိသာလာတယ်။ အမြဲတမ်း အဲ့လိုပဲကြည့်နေတတ်တာ၊ ဘာဖြစ်လို့လဲမသိဘူး။
တစ်ပတ်လောက်ကြာသော်. . .
ယနေ့သည် ဆောင်းယွန်း English စွမ်းရည်အတွက် ပထမအဆင့်အနေနဲ့ ရေးဖြေဖြေရသည့်နေ့ဖြစ်သည်။
ရှင်းသန့် မနက်ကျောင်းရောက်ကတည်းက စိတ်နဲ့လူနဲ့မကပ်၊ ဆောင်းယွန်းအတွက် စိတ်ပူနေသည်။ အစကဆောင်းယွန်းကို ဖြေ ဖို့မသွားခင်စကားပြောမည် ဟုစဉ်းစားထားသော်လည်း ဆောင်းယွန်းက သူမကျောင်းမရောက်ခင် မနက်အစောကြီးကတည်းက ထွက်သွားပြီဖြစ်သည်။ ဆောင်းယွန်းအတွက် ထိုင်၍ ဆုတောင်းပေးရုံကလွဲ၍ သူမဘာမှမတတ်နိုင်။
YOU ARE READING
THE STORY