Episode 14(Zawgyi)

244 9 2
                                        

လူ့နှစ်ရပ်စာလောက်ရှိသော တံခါးပေါက်ဝမှ ရုံးခန်းထဲသို့ အညိုရောင် စက္ကူအိတ်လေးကိုင်ပြီး ဝင်လာနေသော ဝတ်စုံပြည့်ဝတ်ထားသည့် သူတစ်ယောက်။

ရုံးခန်းအတွင်းသို့ လျှောက်လာပြီး သူယူလာတဲ့ စက္ကူအိတ်လေးကို ရုံးခန်းအတွင်းမှာရှိတဲ့ စားပွဲခုံပေါ်သို့တင်လိုက်သည်။

စားပြဲနားကခုံမွာ ဆုံလည်ကုလားထိုင် နှင့်
အနောက်လှည့် ထိုင်နေသော ပုဂ္ဂိုလ်မှ အရှေ့သို့လှည့်လာပြီး စက္ကူအိတ်ယူလာသူကို စကားလှမ်းပြောသည်။ Myanmar လိုမဟုတ်ပဲ တခြားဘာသာစကားတစ်မျိုးနဲ့။

"ဟိုကကေလးမေလး အကြောင်းစုံစမ်းခိုင်းထားတဲ့ ကိစ္စဘာထူးပြီလဲ"

"ဒီိမှာပါဆရာ ဒီထဲမွာ သူ့ပုံတွေပါပါတယ်"

စားပွဲပေါ်က စက္ကူအိတ်ကိုပြပြီး ပြောလိုက်သည်။

ထိုင်နေသောလူမှ အိတ်ထဲကဓာတ်ပုံတွေကို ထုတ်ကြည့်သည်။ တစ်ပုံချင်း တစ်ပုံချင်း သေချာကြည့်ပြီး ကျေနပ်ပြုံး တစ်ချက်ပြုံးကာ ပြန်ပြောသည်။

"ဟုတ်ပြီ မင်းတော်တယ်။ မင်းကိုယ်တိုင်ရိုက်လာတာလား"

"မဟုတ်ပါဘူး ဆရာ၊ အဲ့ဒီက ကျွန်တော်တို့ရဲ့ လူယုံတစ်ယောက်ကို ရိုက်ပြီး ပို့ခိုင်းလိုက်တာ၊ ဒီရောက်မှ print ပြန်ထုတ်ထားတာပါ"

နားလည်သွားသည့်ပုံဖြင့် ခေါင်းငြိမ့်ပြီး

"သြော် ထားပါ ဘယ်လိုပဲဖြစ်ဖြစ်၊ ငါပြောတဲ့အတိုင်းသာ သေချာလုပ်ပေါ့"

"ဟုတ်ကဲ့ပါ ဆရာ"

တစ်ဖက်မှာတော့. . . . . . . . . . .

ကျောင်းကလိုက်ပို့ပေးတဲ့ trip မှာပျော်နေကြသော ဆယ်ကျော်သက် ကောင်မလေးများ

မြက်ခင်းစိမ်းပေါ်တွင် စိန်ပြေးလိုက်တမ်း ကစားပြီး မမောနိုင် မပန်းနိုင် အပျော်ကြီးပျော်နေကြသော ဆောင်းယွန်းတို့သူငယ်ချင်းအုပ်စု။

ရှင်းသန့်က လိုက်ဖမ်းလိုက် ဆောင်းယွန်းကိုမိသွားလိုက်၊ ဆောင်းယွန်းကလိုက်ဖမ်းလိုက် တခြားတစ်ယောက်ကိုမိသွားလိုက်၊ တခြားတစ်ယောက်က ကြည်ဖြူကို ဖမ်းမိသွားလိုက်၊ ကြည်ဖြူကရှင်းသန့်ကို မိသွားလိုက်၊ ရှင်းသန့်က တခြားကောင်မလေးတစ်ယောက်ကို မိသွားလိုက်နဲ့ လိုက်တဲ့သူတွေသာ ပြောင်းသွားတယ် ကစားပြဲက အဆုံးမသတ်နိုင်သေး၊ ၉တန်းအရွယ်သာပြောတယ်၊ အခုထိဆော့နေကြတုန်း။

THE STORYWhere stories live. Discover now