Episode 5(Unicode)

449 34 0
                                    

Group 1 စဖွဲ့မယ်ဟု ပြောပြီး ဆရာလမ်းလျှောက်လာသည်။

​ကြည်ဖြူ၏ နားတွင် ရပ်ပြီး ကြည်ဖြူကို ကြည့်၍

4 skills sir"သမီးက ဟိုဘက်က သမီးနဲ့ တစ်ဖွဲ့"

ဆောင်းယွန်းကို လက်ညှိုးထိုး၍​ပြောလိုက်ခြင်းဖြစ်သည်။

ကြည်ဖြူ"ဟုတ် ဆရာ"

ထပ်၍ထပ်၍ group များအသီးသီးဖွဲ့ပေးသည်။

ထို့နောက် နှင်းစက်နားသို့ လျှောက်သွားသည်။ နှင်းစက်ကိုကြည့်၍ပင်

4 skills sir"သမီးကျတော့ ဟိုဘက်ကကောင်မလေးနဲ့ အဖွဲ့လုပ်လိုက်၊ သမီးတို့က Group 7 ပေါ့"

အတန်းထဲက ကောင်မလေးတစ်ယောက်ကို မေးငေါ့ပြ၍ပြောသည်။

နှင်းစက်"သြော် ဟုတ်ကဲ့ ဆရာ"

ရှင်းသန့်ကိုလည်း ထိုကဲ့သို့ပင် အတန်းထဲမှ ကောင်မလေးတစ်ယောက်နှင့် အဖွဲ့ဖွဲ့ပေးလိုက်သည်။ ရှင်းသန့်တို့ကတော့ Group 10ဖြစ်သည်။

အဖွဲ့များ အကုန်ဖွဲ့ပေးပြီးနောက်

4 skills sir"အဖွဲ့တွေလည်း ဖွဲ့ပြီးပြီဆိုတော့ ကိုယ်ပြောရမယ့် စာသားတွေကျက်ဖို့အတွက် ပြင်ဆင်ချိန် ၁၀မိနစ် ပေးမယ်၊ ၁၀မိနစ်ပြည့်ရင်တော့ Group 1 ကစပြီးပြိုင်ကြတာပေါ့"

All"ဟုတ်ကဲ့ပါ"

အားလုံးကိုယ့် အဖွဲ့နဲ့ကိုယ် အကောင်းဆုံး ပြောနိုင်ရန် လေ့ကျင့်နေကြပြီး အလုပ်ရှုပ်နေကြသည်။

ရှင်းသန့်နဲ့တစ်ဖွဲ့တည်းကျသော ကောင်
မလေးမှ

Girl"ရှင်းသန့်မလား၊ ပထမဆုံးနေ့က နင် မိတ်ဆက်တာကိုတွေ့လိုက်တယ်၊ ငါကတော့ ဒီကျောင်းမှာတက်နေတာကြာပါပြီ၊ ငါ့နာမည်က အေးငြိမ်းခင် ပါ။"

ရှင်းသန့်"သြော် ဟုတ်လား။ အင်း ငါတို့
တွေအကောင်းဆုံး ပြိုင်ကြတာပေါ့။
နင် English လိုတော့ဖတ်တတ်ပါတယ်နော်"

ရှင်းသန့်ထိုသို့နောက်လိုက်တော့အေးငြိမ်းမှ

အေးငြိမ်း"အမယ် အထင်သေးလို့၊ ငါ
Eng ထူးချွန်တွေအများကြီး ပြိုင်ဖူးပါတယ်နော်"

ရှင်းသန့်လည်းရယ်၍

ရှင်းသန့်"Haha အင်းပါ။ အတတ်နိုင်ဆုံး ကောင်းအောင် အတူတူလုပ်ကြတာပေါ့"

THE STORYWhere stories live. Discover now