Episode 7(Unicode)

394 29 1
                                    

ရှင်းသန့် ဆေးခန်းထဲကပြေးထွက်လာပြီး
ကျောင်းတွင်းရှိ အုတ်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။

In Shin Thant's mind:​ငါဘာတွေဖြစ်နေတာလဲ ကြည်ဖြူက ဒီတိုင်းလေးစလိုက်တဲ့ဟာကို ဘာလို့ အခန်းထဲကတောင် ထွက်ပြေးလာရတာလဲ။ အရင်ကလည်း အဲ့လိုစနေကြပဲ ဘာမှမဖြစ်ခဲ့ပဲနဲ့ အခုမှဘာထဖြစ်တာလဲ။ ဟာ မသိတော့ဘူး။ ခေါင်းရှုပ်တယ်။ မုန့်ပဲသွားစားတော့မယ်။

ရှင်းသန့် တစ်ယောက်တည်း စိတ်ရှုပ်ပြီး
မုန့်စျေးတန်းသို့သာ ထွက်သွားသည်။

Time Skip. . . .

ညဉ့်နက်နေပြီ ဖြစ်သော်လည်း အိပ်ရာထဲမှာ မအိပ်နိုင်သေးပဲ အတွေးများဖြင့် လူးလိမ့်နေသော ကောင်မလေးတစ်ယောက်

In Shin Thant's mind:ဘာလဲ၊ ငါဘာလို့ သူပြုံးတာကို ပေါ်တင်ကြီး ထိုင်ငေးနေခဲ့တာလဲ။ သူ့နှုတ်ခမ်းကို ထိလိုက်တုန်းကရော ဘာလို့နှလုံးခုန် မြန်လာတာလဲ။
ဟာ စိတ်ရှုပ်လိုက်တာ။ နှလုံးခုန်မြန်လာတာက ထားပါတော့ ဘယ်သူ့နှုတ်ခမ်းမှမထိဘူးလို့၊ ပြုံးတာကို ထိုင်ကြည့်နေမိတာက​ရော၊ ငါဘယ်သူ့အပြုံးမှမမြင်ဖူးတာလည်းမဟုတ်ဘူး။ တခြားသူတွေပြုံးတာကျ အဲ့လိုငေးမကြည့်ဖူးပဲနဲ့ သူပြုံးတာမှ ဘာလို့ငေးမိသွားတာလဲ။ ဟာ စိတ်ရှုပ်လိုက်တာ တော်ပြီဟာ အိပ်တော့မယ် တော်တော်နောက်ကျနေပြီ။ မနက်တော့ကျောင်းနောက်ကျတော့မှာပဲ ဟူး။

အတွေးတွေကိုအဆုံးသတ်ပြီး ရှင်းသန့် မရ,ရအောင် အိပ်လိုက်သည်။

နောက်နေ့မနက်. . . . . .

ဆောင်းယွန်းနိုးလာသည်။
ပုံမှန်အတိုင်းပင် မျက်နှာသစ်၊သွားတိုက်၍ ကျောင်းသွားရန်ပြင်ဆင်ပြီး အောက်သို့ဆင်းသည်။

ဆောင်းယွန်းလှေကား မှတစ်ဆင့် အိမ်အောက်သို့ ဆင်းလာချိန် ထူးထူးဆန်းဆန်း သူမ၏အမေကို ဧည့်ခန်းထဲမှာ တွေ့လိုက်ရသည်။

ပထမတော့ သူမအံံ့သြ၍ ဝမ်းသာသွားသည်။ နောက်မှ အလည်သက်သက် လာတာ မဖြစ်နိုင်ဘူးဆိုတာကို တွေးမိကာ မျက်နှာညှိုးသွားသည်။

ဆောင်းယွန်းအောက်ရောက်တော့...

ဒေါ်နွေယွန်းစု"ဆင်းလာပြီပေါ့ ဆောင်းယွန်း"

THE STORYWhere stories live. Discover now