Episode 15(Unicode)

735 30 7
                                        

"ဒါနဲ့ ဆရာနဲ့ အဲ့ကောင်မလေးနဲ့က ဘာအငြှိုးရှိလို့လဲ"

ရုံးခန်းထဲတွင် မတ်တတ်ရပ်နေသောသူမှ ထိုင်နေသောသူကို စကားလှမ်းပြောလိုက်သံဖြစ်သည်။

"ဘာဖြစ်လို့လဲ"

"ဒီတိုင်း ဘာရန်ငြှိုးမှမရှိတဲ့ သူတစ်ယောက်ကိုတော့ ဆရာကအခုလို လိုက်စုံစမ်းခိုင်းနေမှာတော့ မဟုတ်လောက်ဘူးထင်လို့လေ"

ထိုအခါမှ သဘောပေါက်သွားဟန်နှင့် ထိုင်နေသောသူက ခေါင်းငြိမ့်သည်။

"သြော် မဟုတ်ပါဘူး၊ သူနဲ့ဘာရန်ငြှိုးမှမရှိပါဘူး ဘာလို့စုံစမ်းခိုင်းလဲဆိုတာ မင်းကတကယ်မသိဘူးလား?"

.

.

.

.

.

.

.

.

.

.

ရှင်းသန့်"စိတ်ဆိုးမ​ပြေသေးဘူးလားယွန်း?"

သူမတို့အခု Happy World ကိုရောက်နေတာပါ။ ကစားဖို့ ticket တို့ အကြွေစေ့တို့ဝယ်နေရင်း ဆောင်းယွန်းကို ရှင်းသန့်စကားလှမ်းပြောနေခြင်း...

ဆောင်းယွန်းကဘာမှမပြော၊လိုတာတွေဝယ်ပြီး ပိုက်ဆံပေးဖို့ထုတ်နေဆဲ။

ကားပေါ်က ကိစ္စပြီးကတည်းက ဆောင်းယွန်းကို သူမတစ်ချိန်လုံး လိုက်ချော့နေခဲ့တာပါ။ အခုထိအခြေအနေကမထူးသေး

ရှင်းသန့် အနည်းငယ်ဝမ်းနည်းမိသည်။ စကားလေးမှားတာကို ယွန်းက အဲ့လောက်​တောင် စိတ်ဆိုးသွားတယ်တဲ့လား. . . ဘယ်လိုပြန်ချော့ရမလဲလည်း စဥ်းစားလို့မရတော့၊ မကြာခင်ပဲ ဒီနေ့ trip ကပြီးဆုံးတော့မည်။ တစ်နေကုန်တော့ သူမကိုစိတ်ဆိုးမနေစေချင်။

ရှင်းသန့်"တကယ်စိတ်ဆိုး မပြေတော့ဘူးပေါ့"

ဘာမှပြန်မပြော. . .

ရှင်းသန့်"အဲ့ဒါဆိုလည်း ပြီးရောလေ၊ ဒီနေ့ ယွန်းနဲ့တစ်နေကုန်ပျော်ဖို့ စဥ်းစားထားတာကို ယွန်းက အဲ့လိုဆိုတော့လည်း ထားလိုက်ပါတော့၊ ကိုယ့်ဘာသာပဲ သွားဆော့တော့မယ်"

THE STORYWhere stories live. Discover now