ဆောင်းယွန်း ရှင်းသန့်လက်ကိုဆွဲ၍ အပေါ်ထက်သို့ တက်သွားသည်။
အပေါ်ရောက်တော့......
နှစ်ယောက်လုံး အခန်းထဲရောက်သည်နှင့် လွယ်အိတ်များ ချလိုက်ကြသည်။
ဆောင်းယွန်း သူမ၏ဗီဒိုထဲမှာ အိမ်နေရင်း ဝတ်နှစ်စုံထုတ်လိုက်ပြီး တစ်စုံ ရှင်းသန့်ကိုပေးကာSong Yoon"အိမ်မှာ ညနေလောက်အထိနေမှာဆိုတော့ နင်ကျောင်းဝတ်စုံနဲ့ဆို အဆင်မပြေဖြစ်နေမှာစိုးလို့၊ ဒီဟာဝတ်ထားလိုက်၊ နောက်မှပြန်ပေးပေါ့။"
ရှင်းသန့်"သြော် အင်း ကျေးဇူး"
Song Yoon"အင်း အဲ့ဒါဆိုငါအရင်လဲလိုက်အုံးမယ်နော် ခဏ"
ထိုသို့ပြော၍ ရေချိုးခန်းထဲဝင်သွားသည်။
ရှင်းသန့်မှာတော့ အခန်းထဲရှိ စာကြည့်စားပွဲရှေ့တွင်ရှိသော ခုံတွင် ခဏဝင်ထိုင်လိုက်ပြီး ဆောင်းယွန်း ပြန်ထွက်အလာကိုစောင့်နေသည်။
ခဏအကြာတွင် အိမ်နေရင်းပန်းရောင်ဝမ်းဆက်လေးဖြင့် ထွက်လာသော ဆောင်းယွန်း
Song Yoon"sorry နည်းနည်းကြာသွားတယ်။"
ရှင်းသန့်"အင်း ရပါတယ်၊ အဲ့ဒါဆိုငါလဲလိုက်အုံးမယ်နော်"
Song Yoon"အေးအေး"
ရှင်းသန့် ရေချိုးခန်းထဲဝင်သွားသည်။
In Shin Thant's mind:ရေချိုးခန်းကအကျယ်ကြီးပဲ မိုက်လိုက်တာ အေးပေါ့လေ အိမ်ရော အခန်းရောက ဒီလောက်
အကျယ်ကြီးကို ရေချိုးခန်းလည်း ဒီလောက်တော့ရှိမှာပေါ့။ရှင်းသန့်လည်း အက်ျီအမြန်လဲပြီး ပြန်ထွက်ခဲ့သည်။
Song Yoon"တော်သေးတာပေါ့ အက်ျီကနင်နဲ့ကွက်တိပဲ ငါက သေးနေမှာစိုးလို့
ဘောင်းဘီကရော တိုနေသေးလား"ရှင်းသန့်"မတိုပါဘူး နင်နဲ့အရပ်ကအတူတူလောက်ပဲဟာကို"
Song Yoon"အေးပါ အဆင်ပြေရင်လည်းပြီးတာပဲ၊ သွားမယ်လေ ငါဗိုက်ဆာနေပြီ"
ထိုသို့ဖြင့် အောက်ထပ်သို့ဆင်းသွားကြသည်။
ဒေါ်ဖြူ"လာလာ သမီးတို့ ဒေါ်လေး အကုန်ခူးပြီးပြီ၊ အဆင်သင့်ပဲ"
YOU ARE READING
THE STORY