ဆောင်းယွန်း ပုံမှန်နေ့တစ်နေ့ အတိုင်းပင် ကျောင်းသို့လာခဲ့သည်။ သို့သော်သူမ
နေလို့သိပ်မကောင်းပဲ ဖျားချင်ချင် ဖြစ်နေသည်။ကျောင်းရောက်တော့...
အခန်းထဲဝင်လိုက်သည်နှင့် တွေ့လိုက်ရသူမှာ ရှင်းသန့်
ရှင်းသန့်"ရောက်လာပြီပေါ့"
ဆောင်းယွန်း ပြုံးပြပြီး
Song Yoon"အင်း"
ရှင်းသန့် ဆောင်းယွန်း၏ မျက်နှာကို သေချာကြည့်လိုက်ပြီး ဖြူရော်ရော် ဖြစ်နေသည်ကို သတိထားမိသွားသည်။
ရှင်းသန့်"နင် နေမကောင်းဘူးလား။ မျက်နှာက ဖြူရော်ရော် ဖြစ်နေလို့"
Song Yoon"ဖျားချင်ချင်ဖြစ်နေတာ ဒါပေမယ့် အရမ်းကြီးနေမကောင်းတာတော့ မဖြစ်လောက်ပါဘူး။ အဲ့ဒါကြောင့် မနားတော့ပဲ ကျောင်းလာတာ"
ရှင်းသန့်"အယ် ဖျားချင်နေတာကို အိမ်မှာပဲနေတာမဟုတ်ဘူး၊ အရှေ့နည်းနည်းတိုး"
Song Yoon"ဟမ်"
ရှင်းသန့်"လာပါ"
အရှေ့တွင်ရပ်နေသော ဆောင်းယွန်း၏ လက်ကိုဆွဲလိုက်ကာ သူမ၏လက်ဖြင့် ဆောင်းယွန်း၏ နဖူးကိုကပ်ပြီး အဖျားစမ်းလိုက်သည်။
ဆောင်းယွန်းမှာတော့ တောင့်တောင့် ကြီးရပ်နေမိသည်။ သူမ၏ အဖေနှင့်အမေတောင် သူမကို ငယ်ငယ်ကပဲ နဖူးကို အဖျားစမ်းဖူးပြီး တခြားဘယ်သူမှ ထိုသို့ မလုပ်ဖူးသောကြောင့်ဖြစ်သည်။
ရှင်းသန့်"သြော် ကိုယ်တော့သိပ်မပူပါဘူး။
အိမ်ပြန်တဲ့အချိန်ထိ ဖျားချင်ချင်ဖြစ်နေရင်တော့ အဲ့ကျမှ ဆေးသောက်လိုက်ပေါ့။"Song Yoon"အေး အေးပါ"
စကားထစ်သွားသည်။
ရှင်းသန့်"အင်း"
ထို့နောက် ရှင်းသန့်နှင့် ကြည်ဖြူရောက်လာကြပြီး သူငယ်ချင်းလေးယောက် စကားပြောကြသည်။
ပုံမှန်အတိုင်းပင် ဆရာမတစ်ယောက်ပြီးတစ်ယောက် ဝင်၍ စာသင်ချိန် တစ်ချိန်ပြီး တစ်ချိန်သင်ရသည်။
မုန့်စားကျောင်းမဆင်းခင် နောက်ဆုံးသင်ရသည့်အချိန်တွင်
YOU ARE READING
THE STORY