Unicode
"အဲ့ထဲမှာမင်းတော့ မပါဘူးနော်"
မင်းမြတ်နှင်းအနားကိုကပ်ပြီးပြောလိုက်၏။
နှင်းစိတ်ညစ်သွားပေမယ့် အတတ်နိုင်ဆုံးတော့ထိန်းထားခဲ့သည်။ခုချိန်မှာသူမစိတ်ညစ်နေလဲဘာမှလုပ်မရဘူးလေ။အစေခံတွေအကုန်လုံးပစ္စည်းတွေသိမ်းနဲ့ အလုပ်တွေရှုပ်နေကြ၏။
"ကြီးစန်း? ကြီးစန်းရောပါတာလား"
"မဟုတ်ဘူး သမီးရဲ့ကြီးစန်းက ရွာကိုနှစ်ပတ်လောက်ဘဲပြန်မှာပြီးရင်ပြန်လာမှာ"
"အော် ဟုတ်"
နှင်းနည်းနည်းတော့စိတ်ညစ်သွားသည်။
ကြီးစန်းပါသွားရင် နှင်းတစ်ယောက်တည်းအထီးကျန်နေတော့မှာလေ"ရော့ ဒီမှာ Bonus မင်းရဲ့လုပ်ပုံကို Boss ကအရမ်းသဘောကျနေတယ်"
"ကျေးဇူးပါရှင့် Boss သဘောကျတယ်ဆိုရင်ဘဲကျေနပ်ပါတယ်"
"Boss ကထပ်မှာလိုက်သေးတယ် မသွားခင် .........................."
"ဟုတ် နားလည်ပါပြီရှင့်"
-
"အခုတော့နင်တစ်ယောက်တည်း အိမ်အလုပ်တွေလုပ်ရတော့မယ်နော်"
ရွန်းလဲ့တစ်ယောက်လာပြောနေပေမယ့် နှင်းမကြားချင်ယောင် ဆောင်ပြီး လုပ်လက်စအလုပ်ကို သာဆက်လုပ်နေလိုက်သည်။
"ငါပြောတာကိုမကြားချင်ယောင်ဆောင်နေတယ်ပေါ့လေ နင်က"
ပြောပြီး ရွှန်းလဲ့ နှင်းလက်ထဲကပန်းကန်ကိုဆွဲလုလိုက်တာကြောင့်ပန်းကန်ကအောက်ကိုလွတ်ကျသွား၏။
"ခွမ်းး"
"အလုပ်ကိုဘယ်လိုလုပ်နေတာလဲ ကဲဟယ်"
ရွှန်းလဲ့ နှင်းပါးကိုအားနဲ့ရိုက်လိုက်တာကြောင့် သူမပါးတစ်ဖက်လုံးစပ်ဖျင်းဖျင်းဖြစ်ပြီး မျက်ရည်တွေပင်ဝဲတက်လာသည်။
"ဒါဘာလုပ်တာလဲ"
"နင်အမှားလုပ်လို့အပြစ်ပေးတာလေ ဘာလဲ မကြိုက်လို့လား အော်ဒါနဲ့ဒီအိမ်မှာအလုပ်လုပ်ရင်းအမှားလုပ်မိသွားရင်ရိုက်တယ်နော် အဲ့ဒါကိုရောသိလား"
YOU ARE READING
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomanceBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...