Unicode
"ရိုစီ ပြောစရာရှိလို့ဆို ဘာလဲ"
"ဖြေးဖြေးပေါ့ ရိန်ကလည်း နေ့လည်စာစားချိန်ရောက်နေပြီဆိုတော့ နေ့လည်စာသွားစားကြမလား"
နေ့လည်စာစားအပြီး
"ရိန် ငါ့မှာဒန်နီရယ်လင်းရဲ့နင်လိုအပ်လောက်မယ့် အချက်အလက်တွေရှိတယ် အဲ့ဒါတွေနဲ့ဆို နင်သူ့ကိုနိုင်နိုင်တယ်"
ဒန်နီရယ်လင်းမှာ အမေရိကဖက်ရှင်ကုမ္ပဏီတစ်ခုမှ ဥက္ကဌ ဖြစ်သည်။
မြန်မာ၌လည်း သူ့ကုမ္ပဏီခွဲများရှိသည်။
ဒန်နီရယ်လင်းကုမ္ပဏီမှာ မင်းမြတ်ကုမ္ပဏီနှင့် ပြိုင်ဘက်များဖြစ်ကြသည်။ပြိုင်ဘက်ဖြစ်သည့်အလျောက် ဒန်နီရယ်လင်းမှာ မသမာတဲ့နည်းလမ်းရော နည်းလမ်းပေါင်းစုံသုံးကာမင်းမြတ်ကုမ္ပဏီနှင့်လိုက်ပြိုင်သည်။
ဒုက္ခမရောက်ရောက်အောင်လုပ်သည်။
မင်းမြတ် ပါးနပ်လို့သာ ခုချိန်ထိ ထိခိုက်မှုကြီးကြီးမားမားမရခြင်းဖြစ်သည်။ခုလည်း မင်းမြတ်ကုမ္ပဏီနှင့် ဒန်နီရယ်လင်း ကုမ္ပဏီမှာ
ဒီဇိုင်းသစ်တစ်ခုထုတ်လုပ်ရန် တူနေခြင်းဖြစ်သည်။
ဤသည်မှာလည်း ဒန်နီရယ်လင်း၏ လက်ချက်ဘဲဖြစ်သည်။
MM ၌ ဒန်နီရယ်လင်းဘက်က သူလျိုတစ်ယောက်ထည့်ထားပုံရတယ်။ဒီဇိုင်းတူသည်မှာ တစ်ခါနှစ်ခါမကတော့ပေ။
ဤသည်နဲ့ဆို ငါးကြိမ်မြောက်ရှိပြီဖြစ်သည်။"ကျေးဇူးဘဲ ရိုစီ ငါ့ကိုကူညီလို့"
"ရပါတယ်..ဒါပေမယ့်..နင်ဒီအချက်အလက်တွေ လိုချင်ရင်တော့ ငါတောင်းဆိုတာ တစ်ခုတော့လုပ်ပေးရမယ်"
"ဘာလုပ်ပေးရမှာလဲ"
"နင်...နင် ဒီနေ့ည အိမ်မပြန်နဲ့..ငါနဲ့.အတူရှိနေပေး"
"အိမ်မပြန်တဲ့တောင်းဆိုချက်ကို ရပေမယ့် နင်နဲ့တော့အတူရှိမနေပေးနိုင်ဘူး..ရိုစီ..အချက်အလက်တွေကိုတော့ ငါ့နည်းငါ့ဟန်နဲ့ဘဲ ရှာလိုက်တော့မယ်..ဒါဆို"
မင်းမြတ် ထပြန်မည်အလုပ်တွင်
"ရတယ် ငါနဲ့အတူရှိမနေပေးနဲ့..အိမ်တော့မပြန်နဲ့"
YOU ARE READING
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomanceBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...