Part 9

21.3K 655 76
                                    

Unicode

"မဟုတ်မှလွဲရော ငါ ငါ ကိုယ်ဝန်ရှိနေတာလား
မဖြစ်နိုင်တာ မဟုတ်လောက်ပါဘူး"

နှင်းပြောသာပြောနေပေမယ့်တစ်ကယ်ဖြစ်မှာကိုကြောက်နေမိသည်။ တကယ်သာဖြစ်နေရင်ဘယ်လိုလုပ်မလဲ။အတွေးများစွာနှင်းကိုခြောက်လှန့်နေ၏။

ဟိုရက်ကဒေါ်‌လေးမုံဆေးရုံတက်ရတဲ့ရက်တွေတုန်းက ဆေးဆိုင်မှာကိုယ်ဝန်ရှိမရှိစစ်တဲ့ဟာလေးနှင်းဝယ်ထားတာရှိတယ်။အဲ့ကတည်းကသိပ်မသင်္ကာတာနဲ့ဝယ်ထားလိုက်တာ

"အဲ့ဒါနဲ့စစ်ကြည့်ရမယ်"

အဲ့ဒါနဲ့လုပ်ပြီး 15 မိနစ်လောက်ကြာတော့အဖြေထွက်လာ၏။

"မဟုတ်လောက်ပါဘူး မဟုတ်လောက်ပါဘူး"

နှင်းရင်တုန်စွာနဲ့ကြည့်လိုက်တော့ စက်ထဲမှာမျဉ်းနီလေးနှစ်ကြောင်း

"ရှိနေတာဘဲ ငါ ငါ့မှာ ကိုယ်ဝန် ရှိ နေ တာ ဘဲ"

'ဘယ်လိုလုပ်မလဲ ငါအမုန်းဆုံးလူကငါ့ကလေးအဖေဖြစ်နေတယ် ငါ ငါ ဘယ်လိုလုပ်ရမလဲ ကလေးရေ ဘယ်လိုလုပ်ရမလဲ'

💢💢💢

"ကားနဲ့တိုက်တဲ့သူကိုရှာနေတယ်မလား ဝဏ"

"ဟုတ်ကဲ့ Boss CCTV မှာ‌တွေ့ရတဲ့ကားနံပါတ်ကိုရှာကြည့်လိုက်တော့အတုကြီးဖြစ်နေတယ် ဒါပေမယ့်ဆက်ပြီးရှာနေပါတယ်"

"အင်းဟုတ်ပြီ ဆက်ရှာထား"

"ဟုတ်ကဲ့ပါ Boss"

--

နှင်းသူ့ကိုပြောဖို့သူ့အခန်းဆီလာတော့သူကအပြင်ထွက်ဖို့ ပြင်ဆင်နေ၏။

"အပြင်သွားမလို့လား"

"ဟုတ်တယ်"

"ဘယ်အချိန်ပြန်လာမှာလဲဟင်"

"ငါ့ဘာသာငါဘယ်အချိန်ပြန်လာလာမင်းနဲ့ဘာဆိုင်လို့လဲ"

"မဟုတ်ပါဘူး ပြောစရာရှိလို့ပါ"

"အဲ့ဒါဆိုလည်းပြောလေ"

"ရပါတယ် ပြန်လာမှဘဲပြောတော့မယ်"

"ပြီးရောလေ ငါသွားပြီ"

နှင်းပြောမှသာပြောရတာသူ့ကိုမပြောပြချင်။ဒါပေမယ့် မပြောလို့ကလည်းမရ။

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Donde viven las historias. Descúbrelo ahora