Part 14

19.9K 598 66
                                    

Unicode

မင်းမြတ်ငို‌နေတဲ့နှင်းကိုသူ့ရင်ခွင်ထဲထည့်ပြီး ‌နှစ်သိမ့်တဲ့သဘောဖြင့် နှင်းရဲ့ကျောကုန်းလေးကိုပွတ်ပေးလိုက်သည်။

နောက်တော့နှင်းမင်းမြတ် ရင်ခွင်ထဲကနေထွက်ပြီး

"ကျွန်မ. အွတ်..."

နှင်းစကားပြောမလို့လုပ်နေတာကို မင်းမြတ်နှင်းကိုနမ်းလိုက်၏။

နှင်းရုန်းပါသည်။ဒါပေမယ့်ရုန်းမရ။
မင်းမြတ်ကလည်း လွှတ်မပေးပေ။
နှင်းရဲ့ နှုတ်ခမ်းတွေကို တစ်လွှာချင်းတစ်လွှာချင်းနမ်းရှိုက်နေသည်။ အပေါ်နှုတ်ခမ်းတစ်လှည့် အောက်နှုတ်ခမ်းတစ်လှည့်နမ်းနေ၏။

ခနလောက်ကြာမှလွှတ်ပေးသည်။
နှင်းအခုမှဘဲအသက်ဝဝရှုရှုရတော့၏။

"မင်း မင်းက အငိုမရပ်တော့ အငိုရပ်အောင်လုပ်လိုက်တာ"

နှင်းမင်းမြတ်ကိုရန်တွေ့ပစ်ချင်ပေမယ့် ရှက်နေတာကြောင့် ဘာမှမပြောနိုင်။

"သွား သွားအိပ်တော့လေ ညဉ့်နက်နေပြီ"

"အင်း ရှင်လည်းအိပ်တော့လေ"

"အင်း"

နှစ်ယောက်သားကိုယ်စီအခန်းတွေဆီရောက်မှ ဘဲ စိတ်သက်သာရတော့သည်။

"အာ မျက်နှာပူလိုက်တာ ဘာလို့သွားနမ်းလိုက်ရတာလဲကွာ"

မင်းမြတ်တစ်ယောက်ခုမှမျက်နှာတွေပူနေလေရဲ့။

"ဘယ်လိုလူကြီးမှန်းလဲ မသိဘူး"

ဒီနေ့ည မင်းမြတ်နဲ့ နှင်းတို့ရဲ့ညတာကတော့အတွေးတွေကိုယ်စီနှင့် တော်တော်ရှည်တော့မယ့်ပုံပင်။

🌌🌌🌌

မနက်အိမ်အလုပ်တွေလုပ်နေရင်းကြီးစန်းက မင်းမြတ်ကိုသွားနှိုးရန်‌ ပြော၏။
ကြီးစန်းကိုမှာထားတယ်တဲ့ မနက်ကျရင်သူ့ကိုနှင်းကလာနှိုးပေးရမယ်တဲ့။ ဘယ်ကတည်းကမှာထားလဲမသိဘူး။ သွားနှိုးပေးရတော့မှာပေါ့။ ကိုယ့်ဘာသာကိုထလည်းရတာကို။

မင်းမြတ်အခန်းရှေ့ရောက်မှ နှင်းတံခါးခေါက်ဖို့တုံ့ဆိုင်းနေတော့သည်။

'မျက်နှာပူလိုက်တာ ဘယ်လိုလုပ်ရမလဲ'

"ဒေါက် ဒေါက် ဒေါက်"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now