Unicode
အလုပ်ကိုအစောကြီးဆင်းလိုက်တဲ့သူ့ကြောင့်အိမ်ကိုနေ့ခင်းကတည်းပြန်ရောက်နေခဲ့သည်။
လုပ်စရာထွေထွေထူးထူးမရှိတာကြောင့်ခါတိုင်းလိုဘဲအိမ်သန့်ရှင်းရေးသာလုပ်နေလိုက်သည်။မီးဖိုခန်းထဲမှာတံမြတ်စည်းလှည်းနေတုန်း
"နှင်းပန်းပွင့်!!!"
ဆိုသည့်အော်ခေါ်သံနဲ့အတူ သူမီးဖိုခန်းထဲကိုအလောတကြီးဝင်လာကာ နှင်းခန္ဓာကိုယ်လေးကိုနံရံမှာပြေးကပ်ပြီး ပုခုံနှစ်ဖက်ကိုအားနဲ့ဖျစ်ထား၏။
ရုတ်တရက်ဆိုတော့လန့်သွားပြီး သူလုပ်လိုက်တဲ့အရှိန်ကြောင့်နှင်းနာသွားတာကြောင့်
"အ"
အာမေဋိုက်သံထွက်လာ၏။
နှင်းသူမျက်ဝန်းတွေကိုကြည့်မိတော့ မီးတောက်မျက်ဝန်းတွေနှင့်တစ်ခုခုဖြစ်လာပုံရသည်။
နှင်းစိတ်ပူပြီး"ရှင် ဘာဖြစ် အွတ်.."
မင်းမြတ်နှင်းကိုနမ်းလိုက်သည်။
ဖြစ်ပေါ်လာတဲ့ဒေါသတွေ စိတ်ပူပန်စရာတွေအကုန်လုံးကို သူမနှုတ်ခမ်းတွေကိုနမ်းရင်းဖြေလျော့လိုက်သည်။
သူမနှုတ်ခမ်းတွေကချိုမြိန်လွန်းသည်။မရပ်တန့်နိုင်လောက်တဲ့အထိသူမနှုတ်ခမ်းတွေကို သူသဘောကျသည်။ စွဲလန်းသည်။ခုတစ်ခါတော့ သူ သူ့စိတ်ကိုမထိန်းချုပ်နိုင်တော့သည်အထိ သူ့အနမ်းတွေဟာကြမ်းတမ်းနေသည်။"အ"
သူနမ်းနေရင်းသူမနှုတ်ခမ်းကို ကိုက်လိုက်တာကြောင့် သူမထံကနေညီးသံလေးထွက်လာသည်။
ဒါပေမယ့် သူမလွှတ်ပေးသေးပါ။
သူစိတ်ကျေနပ်တဲ့အထိ သူမကိုနမ်းဖို့ဆုံးဖြတ်ထားသည်။အသက်ရှုကြပ်လာလို့ဘဲလားမသိ သူမလက်တွေသူ့ကို ထုရိုက်တာတဖြည်းဖြည်းမြန်လာသည်။
သူ သူ့လက်တစ်ဖက်နဲ့ သူမလက်တွေကိုချုပ်ထားလိုက်ပြီး အနမ်းတွေရှည်ကြာဖို့သာဆောင်ရွက်သည်။ သူ့ရဲ့ကျန်လက်တစ်ဖက်ကတော့သူမရဲ့ခါးပေါ်၌။အပေါ်နှုတ်ခမ်းတစ်လှည့် အောက်နှုတ်ခမ်းတစ်လှည့်။
ဘယ်လောက်ကြာသွားလည်းမသိ နှုတ်ခမ်းတွေထုံလာသည်အထိဖြစ်လာသည်။ ဒါပေမယ့်သူလွှတ်မပေးသေး။
YOU ARE READING
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomanceBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...