Part 7

23.5K 714 20
                                    

Unicode

"အား"

"ခြေချော်သွားတာဘဲ"

"အား နာလိုက်တာ"

နှင်းခြေချော်ပြီး ကုန်းမြင့်လေးပေါ်ကနေပြုတ်ကျတာ
ခေါင်းမှာနည်းနည်းစိုနေတာနဲ့ကိုင်ကြည့်လိုက်တော့ သွေး‌နည်းနည်းထွက်နေ၏။

"ရပါတယ်ဆက်သွားနိုင်တယ် နှင်းပန်းပွင့် ဖိုက်တင်း"

နှင်းတစ်ယောက်နာရီဝက်ကျော်ကျော်လောက်သွားရင်းသွားရင်းနဲ့

"ကားလမ်း! ကားလမ်းတွေ့ပြီ"

ကားလမ်း။
လမ်းမကို နှင်းတစ်ယောက်တွေ့သွားသည်။
ကားလမ်းမနားကိုပြေးသွားရင်း
ကားအလာကိုစောင့်နေ၏။
ကားတွေကလည်းတစ်စီးမှမရှိ။

"ကား!"

နှင်းတစ်ယောက်ကားတစ်စီးမြင်တာနဲ့ လက်လှမ်းတားရင်း

"ကျေးဇူးပြုပြီး ကူညီပါဦးရှင့် ကူညီပါဦး"

နှင်းတစ်ယောက်ကားရှိရာကိုလှမ်းအော်ပြောနေတာကို ကားသမားကကြားတယ်ထင်ပါသည်။ ကားကိုနှင်းနားထိုးရပ်လိုက်ပြီး

"ဘာဖြစ်လို့လဲ မသိဘူး"

"ကျွန်မကိုလေမြို့ထဲလိုက်ပို့လို့ရမလားရှင့် တကယ်အရေးကြီးလို့ပါ ကူညီပါဦးနော်"

"ရပါတယ် ကျွန်တော်လည်းမြို့ထဲကိုဘ သွားမှာလိုက်ခဲ့လေ"

"ဟုတ် တကယ် တကယ်ကျေးဇူးအများကြီးတင်ပါတယ်နော်"

"ရပါတယ်ဗျ"

နှင်းတစ်ယောက်ကားထဲကိုဝင်ထိုင်လိုက်သည်။
နှင်းစိတ်ထဲမှာတော့တကယ်ကိုကူညီတတ်တဲ့လူနဲ့တွေ့ပြီး သူအရမ်းကံကောင်းနေပါလားလို့ထင်မိ၏။ဒါပေမယ့်

"အွတ်"

နှားခေါင်းကိုပိတ်လိုက်တဲ့အရာကြောင့်‌ခေါင်းတစ်ခုလုံးချာချာလည်ကာအရာရာအမှောင်ပိန်းသွားတော့သည်။

💢💢💢

မျက်လုံးဖွင့်လိုက်တော့ အရှေ့မှာမြင်လိုက်သည်ကမမြင်ချင်ဆုံးလူသား

"မင်းမြတ်သူရိန်!"

"ဟုတ်တယ် ငါပါ မင်းကတော်တော်တော့လည်သားနော် ထွက်ပြေးဖို့တောင်လုပ်တယ်ဆိုတော့ ဒါပေမယ့်မင်းငါ့ကိုတော့မကျော်နိုင်ပါဘူး"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Wo Geschichten leben. Entdecke jetzt