Unicode
ကြီးစန်းဆန်ပြုတ်ယူဖို့ အောက်ဆင်းသွားတော့
"ငါ အသက်မရှင်ချင်တော့ဘူး ငါ့ကလေးတောင်သေသွားတာ ငါလည်းလိုက်သေမယ်"
ဖန်ခွက်တစ်ခွက် အနားမှာရှိတာနဲ့
"ခွမ်း"
ဖန်ခွက်ကိုကွဲအောင်နံရံနဲ့ရိုက်လိုက်ပြီး အဲ့ကဖန်ကွဲစတစ်ခုနဲ့ လက်ကောက်ဝတ်ကို ခြစ်ချလိုက်သည်။
"ကျွန်မရှင့်ကို ဘယ်တော့မှခွင့်မလွှတ်ဘူး"
ပြောပြီး နှင်းတစ်ယောက်လဲကျသွားကာသွေးတွေကလည်း ပန်းထွက်လာ၏။
ကြီးစန်းဆန်ပြုတ်ပန်းကန်ယူပြီးအပေါ်ထပ်တက်အလာ နှင်းအခန်းထဲဝင်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
"သမီး နှင်းးး"
"ခွမ်းးး"
လက်ထဲကပန်းကန်ပါအောက်ကိုပြုတ်ကျသွားတော့သည်။
နှင်းတစ်ယောက်နေရာမှာလဲနေပြီး သွေးတွေကလည်းအရမ်းကိုထွက်နေ၏။"သမီးနှင်း နှင်းရေ သမီး"
ကြီးစန်း ဘာလုပ်လို့ဘာကိုင်ရမလဲမသိတော့။
မင်းမြတ်ကိုပြောပြဖို့အောက်ထပ်ကိုဆင်းလာခဲ့၏။
အခန်းတံခါးကိုတောင်မခေါက်ဘဲဝင်လာတဲ့ကြီးစန်းကြောင့် မင်းမြတ်တစ်ခုခုဖြစ်ပြီဆိုတာသိလိုက်သည်။ ကြီးစန်းက ဘယ်တော့မှအခန်းတံခါးမခေါက်ဘဲအခန်းထဲကိုမဝင်တတ်။"ကြီးစန်း ဘာဖြစ်လို့လဲ"
"နှင်းလေ နှင်း!"
ကြီးစန်းစကားတောင်မဆုံးလိုက် မင်းမြတ်အပေါ်ထပ်နှင်းအခန်းရှိရာကိုတဟုန်ထိုးပြေးသွား၏။
အခန်းထဲဝင်လိုက်တော့လဲကျနေတဲ့ နှင်း။
မင်းမြတ် ဝိဉာဉ်လွင့်ထွက်မတတ်လန့်သွားကာ ခနငြိမ်သွားသည်။ပြီးမှအသိစိတ်ပြန်ဝင်လာကာ ဆေးရုံကားခေါ်လိုက်၏။"ဝီးယော် ဝီးယော်"
ဆေးရုံကားပေါ်မှာလည်းမင်းမြတ် နှင်းရဲ့လက်တစ်ဖက်ကို ကိုင်ထားပြီး
"မင်းဘာမှမဖြစ်ရဘူးနော် ဘာမှမဖြစ်ရဘူး"
🚑🚑🚑
YOU ARE READING
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomanceBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...