Unicode
အိမ်ထောင်သက် 4 နှစ်ကျော် 5 နှစ်ရှိပြီဖြစ်သည့် အိမ်ထောင်တစ်ခုတွင် အရာအားလုံးပြီးပြည့်စုံစုံရှိ၏။
အမျိုးသားနှင့်အမျိုးသမီးကလည်း တစ်ဦးနှင့်တစ်ဦးချစ်မြတ်နိုးစုံမက်ကြသလို ငွေကြေးဥစ္စာဟာလည်းအပြည့်အစုံဖြင့်။
ဘာဆိုဘာမျှလိုလေသေးမရှိတဲ့ သူတို့အိမ်ထောင်ရေးမှာလိုအပ်နေသည်ကတစ်ခုတည်းသား။
ထိုသည်ကတော့..."စိတ်မကောင်းပါဘူး ဒီတစ်ခေါက်လည်းမဟုတ်ပါဘူး"
မျက်နှာမကောင်းစွာဖြင့်ပြောလာသော ဆရာမစကားနောက်
4 နှစ်ကျော် 5 နှစ်ကာလအတွင်း အကြိမ်ပေါင်းများစွာမရေမတွက်နိုင်အောင်ကြားဖူးနေတဲ့စကားဖြစ်သော်လည်း သူမဝမ်းနည်းသွားရပါသည်။
ဘေးကသူကတော့ နှစ်သိမ်သည့်သဘောဖြင့်သူမလက်လေးကိုဆုပ်ကိုင်လာသည်။
သူလည်းဝမ်းနည်းနေမည်ဆိုတာ နှင်းသိသည်။မျက်ဝန်းထက်၌ဝေ့သီလာသော အရည်ကြည်များကိုတားဆီးနိုင်စွမ်းမရှိတော့တာကြောင့် မျက်ရည်တစ်ပေါက်ဟာပါးပြင်ပေါ်သို့စီးကျသွားလေ၏။
ဒါဟာလည်းဖြစ်နေကျအရာတစ်ခုပေပါလေ။ဆေးရုံကပြန်လာသည်မှစ၍ လမ်းတစ်လျှောက် ဝမ်းနည်းမှိုင်တွေနေသည့် ဇနီးဖြစ်သူအားကြည့်ကာ မင်းမြတ်စိတ်မကောင်း။
"ဟူး"
သက်ပြင်းတိုးတိုးလေးတစ်ခုကိုလေးပင်စွာချလိုက်မိ၏။
ဤသို့တွေဖြစ်ရတာလည်း ဘယ်သူ့ကြောင့်မိုလို့လဲ။
သူ့ကြောင့်ပေဘဲမလား။
လက်ထက်ပြီးနောက်ပိုင်းတွင် သူတို့ကလေးရနိုင်ဖို့ကိုနည်းမျိုးစုံဖြင့်ကြိုးစားကြသည်။ဆေးဝါးမျိုးစုံ ပြောင်းလဲလာသည့်ခေတ်ရေစီးကြောင်းအတိုင်း ဗေဒင်ယတြာနည်းမျိုးစုံ စသည့်သည့်နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ကြသည်။
ဒါပေမယ့် နောက်ဆုံးရလဒ်ကတော့ တစ်ပုံစံတည်းသာ။ဒီလိုအချိန်ဖြစ်တိုင်း ဝမ်းနည်းခံစားနေရတဲ့ ချစ်ရတဲ့သူရဲ့ပုံရိပ်ကိုကြည့်ပြီး သေလောက်အောင်နာကျင်ခံစားရသည်က ပြန်ဆပ်လို့မကုန်နိုင်အောင် မှားခဲ့တဲ့ သူ့ရဲ့အပြစ်ကြွေးတွေအတွက် အပြစ်ဒဏ်တစ်ခုပေဘဲလား။
ဒီအရာဟာအပြစ်ဒဏ်တစ်ခုသာဆိုရင် သူ့အားနာကျင်စေဖို့ရာအတွက်ဒီလောက်ကောင်းတဲ့အပြစ်ဒဏ်မရှိတော့ပါလေ။
YOU ARE READING
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomanceBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...