Unicode
"အင်း ပြော"
"ဘာ ရှာတွေ့ပြီ!"
နောက်ဆုံးတော့ နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ
မင်းမြတ်ဖုန်းတောင်မဆုံးလိုက် ချက်ချင်းထသွားတော့သည်။
"ဘယ်သွားမလို့လဲ"
နှင်းမေးတာကိုတောင်မကြား ဒုန်းစိုင်းထွက်သွား၏။
မင်းမြတ်ကားမောင်းရင်း လက်တွေတုန်ကာစိတ်တွေလှုပ်ရှားနေ၏။
"နောက်ဆုံးတော့ရှာတွေ့ပြီ နောက်ဆုံးတော့ နောက်ဆုံးတော့ ရှာတွေ့ပြီ"
"ကျွီ"
ဂိုထောင်တံခါးဖွင့်လိုက်သည်နဲ့အထဲ၌ လူတစ်ဦးဒဏ်ရာဒဏ်ချက်တွေနှင့်အတူ ခုံပေါ်မှာကြိုးတွေနဲ့တုပ်ခံထားသည်။ဘေးတွင်လည်းလူမိုက်လေးငါးဦးနှင့်။ ထိုသူကတော့
"ဦးမင်းမဟာ"
လွန်ခဲ့သောရက်အနည်းအငယ်က
"ဝဏ မင်းကိုငါစုံစမ်းခိုင်းထားတာသိရပြီလား"
"ဟုတ်ကဲ့ Boss ဒါကအဲ့အနီးအနားက CCTV ပါ"
ဝဏပြတဲ့ CCTV Video ကို သူကြည့်လိုက်သည်။
အခုသူဟိုရက်က နှင်းအဒေါ် ဒေါ်ယမုံခင်ကားတိုက်ခံရတုန်းကတိုက်တဲ့သူအား လိုက်စုံစမ်းနေခြင်းဖြစ်သည်။"ဒါ ဒါက ဦးမင်းမဟာဘဲ"
ဟုတ်ပါသည်။ဦးမင်းမဟာပါ။ဦးမင်းမဟာကကားနဲ့ ဒေါ်ယမုံခင်ကိုတိုက် ကားကိုမောင်းပြေးသွားပြီး အဲ့ကားကိုလူမရှိတဲ့နေရာမှာရပ်ထားခဲ့သည်။
မင်းမြတ်တို့အဲ့ကားနံပါတ်ကိုလိုက်စုံစမ်းရင်းသိခဲ့ရတာက အဲ့ကားကအခိုးခံထားရတဲ့ကားဖြစ်နေပြီး ခုတော့မောင်းတဲ့သူကဦးမင်းမဟာဖြစ်နေလေရဲ့။တွေ့ဆုံဖို့ကံပါပြန်တော့လဲကံကြမ္မာကမတွေ့တွေ့အောင်အကြောင်းဖန်ပေးလေသည်။"ဦးမင်းမဟာ ခင်ဗျားမသေသေးဘူးပေါ့လေ
ဝဏ ဦးမင်းမဟာကိုအသေရရအရှင်ရရမြေလှန်ပြီးတော့ လိုက်ရှာ""ဟုတ်ကဲ့ Boss"
"ဦးမင်းမဟာ"
အထိုးခံထားရတာတွေကြောင့်ခေါင်းမူးနေရာကခေါ်သံကြားလို့ခေါင်းထောင်ကြည့်လိုက်တော့ ခေါ်သည့်သူကလူငယ်လေးတစ်ဦး။
YOU ARE READING
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomanceBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...