Unicode
12:30 a.m
နှင်း ခနအိပ်ပျော်သွားပြီးပြန်နိုးလာတော့အချိန်က 12:30။
သူ့ကိုကြည့်လိုက်တော့နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတဲ့ပုံ။
နှင်းကိုယ့်အခန်းကိုပြန်ဖို့သူမနိုးအောင်ဖြေးဖြေးလေးကုတင်ပေါ်ကအဆင်း"အမေ့!"
လက်တစ်ဖက်ကိုအားနဲ့ဆောင့်ဆွဲခံလိုက်ရတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကုတင်ပေါ်ကိုပြန်လည်ကျရောက်သွားရသည်။
"ဘယ်သွားမလို့လဲ"
"ဟို ဟို "
"ဘာဟိုလဲ ဘယ်သွားမလို့လဲလို့"
သူ့အသံနည်းနည်းမာလာသည်။
"အခန်း အခန်း ပြန်မလို့"
"ဘာလို့ပြန်မှာလဲ အဲ့လောက်တောင်ငါနဲ့အိပ်ရတာမကြိုက်ဘူးလား ဟမ်?"
"ကျွန်မ ကျွန်မက မိန်းကလေးတစ်ယောက်ဆိုတော့ ဒီလို့ ယောက်ျားလေးတစ်ယောက်နဲ့အတူတူအိပ်တာ မသင့်တော်ဘူးလို့ ထင်.. အွတ်.."
မင်းမြတ်နှင်းစကားတွေရပ်သွားအောင် သူ့နှုတ်ခမ်းကို သူမ နှုတ်ခမ်းပေါ်မှာဖိကပ်ပြီးနမ်းလိုက်သည်။
ရုတ်တရက်ကြီးနမ်းခံလိုက်ရတာကြောင့် နှင်းတစ်ကိုယ်လုံးပူထူလာပြီး မျက်နှာတွေပါနီမြန်းလာ၏။
အပေါ်နှုတ်ခမ်းတစ်လှည့် အောက်နှုတ်ခမ်းတစ်လှည့် တစ်လှည့်စီစုပ်ယူပြီးနမ်းရှိုက်နေသည်။နှင်းရုန်းတယ်ရုန်းမရသူ့ရဲ့သန်မာတဲ့အားကို နှင်းမနိုင်။
မင်းမြတ်သူမကိုနမ်းနေရရင်မရပ်တန့်နိုင် ပိုပိုပြီးသားနမ်းချင်မိသည်။သူမနှုတ်ခမ်းတွေကချိုမြိန်လွန်းသည်။သူ့ကိုထပ်ခါထပ်ခါနမ်းရှိုက်ချင်အောင်ပင်စွဲဆောင်မှုရှိလွန်းလှသည်။ နှုတ်ခမ်းတွေ ပေါက်ထွက်သွားတဲ့အထိကိုနမ်းပစ်ချင်ပေမယ့်သူမလေးနာကျင်သွားမှာစိုး၍ မိမိစိတ်ကိုသာထိန်းချုပ်ထားရသည်။အဓိကကသူမ မနာကျင်ဖို့လေ။
ခနလောက်ကြာမှ သူလွှတ်ပေးလိုက်၏။
"ဒါအပြစ်ပေးတာဘဲ.....အိပ်တော့"
KAMU SEDANG MEMBACA
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomansaBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...