Unicode
မင်းမြတ်အလှပြင်ဆိုင်ကို တစ်နာရီလောက်စောသွားပြီး သူလည်းပြင်စရာရှိတာပြင်နေလိုက်သည်။
သူအားလုံးပြင်စရာရှိပြင်ပြီး နှင်းကိုစောင့်နေလိုက်သည်။ခနအကြာ...
"မင်းမြတ်ရေ ပြီးပြီ"
အသံလာရာကိုလှည်ကြည့်လိုက်တော့ အခန်းထဲကနေ မချိုအရင်ထွက်လာသည်။ မချိုနောက်မှာတော့...
ပန်းရောင် ဇာ Dress လေးကိုဝတ်ဆင်ထားတဲ့ သူမ
ဆံပင်ရဲ့အရှေ့ဆံပင်ကိုနည်းနည်းကို ကောက်ထားပြီး အရှေ့၌နည်းနည်းချကာ ဆံထုံးထုံးထားသည်။
သူမရဲ့နှုတ်ခမ်းများကိုတော့ ပန်းရောင်ခြယ်ထားပြီး
မိတ်ကပ်အပြင်အဆင်မှာ မထူလွန်းမပါးလွန်း သူမနှင့်လိုက်၍ လှနေသည်။အမြဲမိတ်ကပ်မလိမ်းမပြင်မဆင်နဲ့မို့ ခုလိုကျကြည့်ရတာဆန်းပြီးလှနေတာလည်းပါလိမ့်မည်။"မင်းမြတ်ရေ မျက်လုံးကြီးလည်းကျွတ်ကျလာဦးမယ်"
မျက်တောင်မခတ်ဘဲနှင်းကိုစိုက်ကြည့်နေသော မင်းမြတ်ကို မချိုပြောလိုက်ခြင်းဖြစ်သည်။
ဟုတ်ပါသည်။ မင်းမြတ်မှာ မျက်တောင်မခတ်စိုက်ကြည့်နေတာကြောင့် နှင်းတောင်နေရထိုင်ရခက်လာပြီး ရှက်စိတ်ကလေးတောင်ဝင်လာရသည်။
သူကအနောက်တိုင်းဝတ်စုံအနီရောင်ကို ဝတ်ဆင်ထားပြီး
ဆံပင်များကိုအပြောင်သိမ်းသိမ်းထားခြင်းကြောင့် သူ့ရဲ့ကျယ်ပြန့်လှတဲ့ နဖူးမှာပေါ်နေတော့သည်။
ခါတိုင်းနဲ့မတူတဲ့ သူပုံစံမှာ ခန်းငြားပြီးအလွန်ကြည့်၍ကောင်းနေသည်။သူတင်မဟုတ် နှင်းလည်းသူ့ကိုငေးပြီး မျက်လုံးကျွတ်ကျမတက်ကို စိုက်ကြည့်နေမိပါသည်။
နောက်မှကိုယ့်စိတ်ကိုပြန်ထိန်းပြီး
"ဟို.. ရတယ်မလားဟင်"
မေးခွန်းကိုအားယူမေးလိုက်ရသည်။
"ဟမ်.. အော် ..အင်း အရမ်းလှတယ်"
သူ့စကားကြောင့်နှင်းရှက်စိတ်ကြောင့် ပါးများပင်ရဲတက်လာသည်ဟုထင်ရသည်။
"လှမှာပေါ့ ဘယ်သူပြင်ပေးတာမိုလို့လဲ"
"ဟုတ်ပါပြီ မချိုရယ် ကျေးဇူးအများကြီးတင်ပါတယ်"
YOU ARE READING
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomanceBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...