Part 27

14K 400 64
                                    

Unicode

"အဖေ ကိုယ့်အပြစ်ကိုဝန်ခံတော့မယ် သမီး အဖေ ကိုယ့်အပြစ်တွေကို ဝန်ခံတော့မယ်"

နှင်းကြားလိုက်ရတဲ့စကားကြောင့် အတော်အံ့ဩသွားရသည်။

"တ တကယ် ပြောနေတာလား အဖေ"

"တကယ်ပေါ့ အဲ့ဒါအဖေမသွားခင် သမီးကိုတွေ့သွားချင်တယ် အဖေ့ကိုလာတွေ့မယ်မလား သမီး"

"ဟုတ် သမီးလာတွေ့ပါ့မယ်....ကျေးဇူးပါနော် အဖေ ခုလိုဆုံးဖြတ်ပေးလို့"

နှင်းတို့တွေ့ကြရမည့်နေရာ ချိန်းပြီးနောက်ဖုန်းချလိုက်ကြသည်။

နှင်း ဒီနေ့တော့ အပြင်ကိုမရရအောင်ထွက်ရမည်။
တစ်ယောက်တည်းထွက်ဖို့ကြလည်း မလုပ်နိုင်တာမို့
ကြီးစန်းကို အကျိုးအကြောင်းပြောပြီး အကူအညီတောင်းရသည်။

ကြီးစန်းကလည်းကူညီပေးပါသည်။
ဒါပေမယ့် မင်းမြတ်ပြန်မရောက်ခင်ပြန်လာခဲ့ဖို့တော့မှာသည်။

လျှော်ထားသည့်စောင်များကိုလှမ်းရန် ထည့်ထားသည့် တွန်းလှည်းပုံစံခွက်ထဲတွင် နှင်းဝင်ပုန်းနေပြီး အပေါ်က စောင်များဖြင့်ဖုံးထားသည်။
နောက်ဖေးအုတ်တံတိုင်းနားတွင် လူထွက်ရန် အပေါက်ကလေးတစ်ခုရှိ၍ နှင်းထိုအပေါက်ကနေထွက်ရမည်။

တော်ပါသေးသည် သူတို့မရိပ်မိလို့
အပေါက်နားရောက်တော့ နှင်း ဆင်းလိုက်ပြီး

"ကျေးဇူးပါနော် ကြီးစန်း"

နှင်းကြီးစန်းကို ဆိုလိုက်သည်။

"ရပါတယ် သမီးရယ် သွားသွားမြန်မြန်သွားတော့"

"ဟုတ်ကဲ့"

____/\_______/\_______

ဆေးရုံလူနာခန်းထဲဝင်လိုက်တော့ မြင်လိုက်ရသည်က
သတိရလာသည့် နှင်းရဲ့ဒေါ်လေးမုံ

"အခြေအနေတွေ အားလုံးကောင်းတယ် လူနာကထင်ထားတာထက်တောင် ပိုပြီးစောစောသတိရလာတယ်"

"ကျေးဇူးပါ ဒေါက်တာ"

ပြောပြီး ဒေါက်တာသည်ထွက်သွားသည်။

"သားကဘယ်သူလဲဟင်"

"ကျွန်တော်ကနှင်းရဲ့ချစ်သူ မင်းမြတ်သူရိန်ပါ"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now