Part 25

12.9K 430 62
                                    

Unicode

"ဒါ ဒါ ဒါက"

နှင်းတွေ့လိုက်ရတဲ့သတင်းကြောင့် ဘာမှမပြောနိုင်။
ဆွံ့အ သွားရသည်။
အတွေးထဲမှာတော့ချစ်ရတဲ့သူ
သူအခုချိန်ဘယ်လိုနေနေမလဲ
နှင်းတောင် အခုလိုဖြစ်နေတာ သူသာဆိုရင်ရော။
အတွေးတို့နဲ့အတူရင်ထဲဆို့တစ်လာသည်။

"ဘာလို့ဘာစကားမှမပြောတာလဲ ဟမ် နင်ကတော်တော့်ကို မျက်နှာပြောင်တိုက်တာဘဲ"

"..."

"ရိန်အခုဘယ်လိုဖြစ်နေမလဲ နင်မသိဘူးလား အဲ့ဒါတွေအကုန် နင့်ကြောင့် နင်သာသူ့အနားမရှိခဲ့ရင်
နင်သာသူ့ကိုမချစ်ခဲ့ရင် ဒီလိုတွေဖြစ်မှာမဟုတ်ဘူး နင်သိလား နှင်းပန်းပွင့်"

"ကျွန်မ ကျွန်မဘယ်လိုလုပ်ပေးရင် သူ ဒီအခက်အခဲကနေ လွတ်မြောက်နိုင်မလဲဟင် ပြောပြပေးပါ"

ပြောလိုက်တဲ့နှင်းရဲ့အသံတို့မှာ တုန်ယင်နေပြီး
ဝမ်းနည်းမှုတို့ စွတ်နေသည်။

"ထွက်သွားလိုက် ရိန့်ဘေးနားကနေ ထာဝရ"

"ထွက်သွားရမယ်? ဘာလို့လဲ"

"ဒန်နီရယ်လင်းကရိန်ရင်ဆိုင်နိုင်တဲ့သူမဟုတ်ဘူး
ဒန်နီရယ်လင်းနဲ့သာပြိုင်ရင် ရိန်ဘဲရှုံးလိမ့်မယ်
ဒန်နီလင်းလိုချင်တာက မင်းရိန့်အနားကထွက်သွားဖို့ဘဲ
အဲ့ဒါကြောင့် ငါတောင်းဆိုပါတယ် ရိန့်ဘေးနားကထွက်သွားပေးပါ"

နှင်းရင်ထဲ ပူလောင်ရပါသည်။
ဘာလို့လဲ ဘာလို့ နှင်းရဲ့အချစ်က ဒီလိုဖြစ်နေရတာလဲ။
ခက်ခက်ခဲခဲနဲ့ချစ်ခဲ့ရတဲ့အချစ်ကို ဒီလိုလက်လွှတ်ရမှာလား။
ဟင့်အင် နှင်းမလုပ်နိုင်ဘူး။
နှင်း သူ့ဘေးနားကနေထွက်မသွားနိုင်ဘူး။
သက်ဆုံးတိုင်အထိ သူ့ဘေးနားမှာဘဲနေချင်တယ်။
သူနဲ့ဘဲ ဘဝကိုအတူဖြတ်သန်းသွားချင်တယ်။

"ဘာလို့ ဒန်နီရယ်လင်းက ကျွန်မကို မင်းမြတ်ဘေးနားကနေ ထွက်သွားစေချင်ရတာလဲ?"

ရိုစီသွင်မှာသက်ပြင်းတစ်ချက်ချပြီးတော့

"ဟိုးအရင်အတိတ်တွေကြောင့်"

"ဟိုးအရင်အတိတ်တွေကြောင့်?"

"ရိန် အမေရိကန်ကိုမွေးစားခံရတဲ့အကြောင်းမင်းသိတယ်မလား အဲ့အမေရိကန် ကမွေးစားတဲ့သူတွေက ဒန်နီရယ်လင်း ရဲ့မိဘတွေဘဲ...ရိန့်ကို အမေရိကန်ကိုခေါ်သွားကြတယ်
ဒန်နီရယ်လင်း ရဲ့‌ညီအဖြစ်ပေါ့...ဒါပေမယ့် ကံကြမ္မာက ရိန့်အပေါ်ရက်စက်လွန်းပါတယ်..ရိန့်ကိုမွေးစားရတဲ့အကြောင်းအရင်းက ရိုးတွင်းခြင်ဆီ လိုချင်လို့..ဒန်နီရယ်လင်းရဲ့ရိုးတွင်းခြင်ဆီ နေရာမှာအစားထိုးဖို့...ရိုးတွင်းခြင်းဆီ ယူပြီးတဲ့နောက်မှာ သူတို့ရဲ့ဆက်ဆံပုံတွေအားလုံး ပြောင်းသွားခဲ့တယ်..ရိန့်ကို သူတို့အိမ်ရဲ့အစေခံ ကျွန်သာသာဆက်ဆံခဲ့ကြတယ် အဲ့လိုတွေဆက်ဆံခံရလည်း ရိန်က ကြိုးစားခဲ့တယ် စာသင်ဖို့အတွက်လည်း သူ့ဘာသာသူအလုပ်တွေလုပ်တယ် အသက်ငယ်ငယ်လေးနဲ့ အလုပ်မှန်သမျှ သူအကုန်လုပ်ခဲ့ဖူးတယ်...ကံကြမ္မာက ရိန့်ကိုမျက်မုန်းကြိုးနေတယ်ထင်ပါတယ် ဒန်နီရယ်လင်းနဲ့စေ့စပ်မယ့် မိန်းကလေးနဲ့မှ ရိန်ဟာချစ်ကြိုက်မိပြီး ချစ်သူတွေဖြစ်ခဲ့ကြတယ်...အစကတည်းကရိန့်ကိုအမြင်မကြည်တဲ့ ဒန်နီရယ်လင်းက ရိန့်ကိုအရင်ကထက်ပိုပြီးဖိနှိပ်တယ် ဒုက္ခရောက်အောင်လုပ်တယ်...အခုထက်ထိဘဲ..ရိန် ဒီလိုအခြေအနေအထိရောက်အောင် အတော့်ကိုကြိုစားခဲ့ရတယ် အခက်အခဲတွေအများကြီးကိုကျော်ဖြတ်ပြီး အဲ့ဒါကြောင့် ရိန်သာကျရှုံးသွားရင် သူကြိုးစားခဲ့သမျှတွေ ကျောဖြတ်ခဲ့ရသမျှတွေက အလကားဖြစ်ကုန်မှာ...အဲ့ဒါကြောင့် မင်းကို ငါတောင်းဆိုပါတယ် ရိန့်ဘေးနားကနေထွက်သွားပေးပါ"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now