Unicode
"ဒါဆို ကျွန်မကိုခွင့်ပြုပါဦး"
သူ့စကားကို ဆက်နားမထောင်ဘဲ ဦးညွှတ်ပြီး ထွက်သွားတဲ့သူမ။
ဆွဲထားရင်လည်း ဟိုနေ့ကလို ပြဿနာဖြစ်မည်စိုး၍မဆွဲထားမိ။သူ ဘာမှမပြောဘဲထွက်သွားတဲ့ သူမကျောပြင်ကိုသာ ငေးကြည့်နေမိသည်။"တောက်"
--
သူစိတ်ညစ်တာနဲ့ဘဲ ဘားသွားရင်းသောက်နေမိသည်။
သောက်နေရင်းတစ်လျှောက် သူစဉ်းစားမိတာက
သူမ သူ့ကို မုန်းသွားပြီလား
သူမ သူ့အနားမှာ မနေချင်တော့ဘူးလားသူ ဆက်ပြီးမတွေးနိုင်တော့ပါ
ဘယ်ဘက်နေရာက တဆစ်ဆစ်နာကျင်လာတာကြောင့် ဆက်တွေးနေရင် သူနာကျင်ရလွန်း၍သေသွားလိမ့်မည်။--
အဲ့လိုနဲ့ သူ သူမကို ရှောင်နေခဲ့သည်။
မနက်ဆိုရင် သူမမနိုးခင်ကို အလုပ်သွားပြီး
ညဆိုရင်ညဉ့်နက်မှသူပြန်လာသည်။သူ သူမကို ရင်မဆိုင်ရဲပါ။
သူမဆီက အေးစက်စက်အပြုအမူတွေကို ရင်မဆိုင်ရဲ။
သူများတွေရှေ့မှာဆိုရင် ပြုံးရွှင်ပြီး သူရှေ့ရောက်ရင် အေးစက်သွားတဲ့ သူမကိုလည်းမလိုချင်။ဒီလိုနဲ့ရှောင်နေလိုက်တာ တစ်ပတ်တောင်ရှိသွားခဲ့ပြီ
မင်းမြတ် သူမကိုရှောင်နေပေမယ့် သူမနောက်ကိုတော့ နောက်ယောင်ခံ လိုက်နေခဲ့သည်။
သူမအားရင်တောင် အခြားသူတစ်ယောက်ကို လွှတ်ပြီးသူမက သူ့ဆီကနေ အလုပ်ထွက်ပြီး သင်တန်းတက်နေတာဘဲ
သူမဝါသနာပါရာကိုလုပ်နေတာ။ သူမဝါသနာပါရာကိုလုပ်နေသည်ဆိုသည်က လူကိုပျော်တော့ပျော်စေသား။သူ့ရှေ့မှာသာမရီမပြုံးပေမယ့် အခြားသူတွေရှေ့မှာတော့ သူမဟာရီလို့ပြုံးလို့။
သူမအဲ့လိုလုပ်တိုင်း သူအရမ်းကိုနာကျင်ရသည်။
တစ်နေ့ သူမနက်စာစားဖို့ ဆင်းလာတော့ သူမ မီးဖိုခန်းထဲမှာ ရောက်နေခဲ့သည်။
သူ သူမကို တွေ့တော့ အရမ်းကို ပျော်သွား၏။
ဒါပေမယ့် တစ်ဆက်တည်းမှာဘဲ သူနာကျင်ရပြန်သည်။
အဲ့ဒါကြောင့် သူ ကိုယ့်ကိုကိုယ်ထိန်းရင်း
KAMU SEDANG MEMBACA
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomansaBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...