Unicode
"ဒိုင်းး"
အသံကြားရာကိုလှည့်ကြည့်လိုက်တော့ ဟိုလူ ပြန်ပေးဆွဲ သမားကသူ့နားထင်သူပြန်ပစ်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွား၏။
နှင်းအဲ့မြင်ကွင်းကိုမြင်လိုက်ရတော့ လန့်ပြီးတုန်သွားကာအသိစိတ်တို့ကင်းမဲ့သွားသလိုတောင်ဖြစ်သွားသည်။
ဒါပေမယ့်နှင်းကိုယ့်ကိုကိုယ်သတိပေးရင်း စိတ်ကိုထိန်းထားရသည်။နှင်းအခုချိန်မှာ ဒီလိုဖြစ်လို့မဖြစ်။ အရေးကြီးဆုံးကသူ။ သူ့ကိုဂရုစိုက်ရမယ်။သူတစ်ခုခုဖြစ်လို့မဖြစ်ဘူး။
ခနကြာတော့ဆေးရုံကားရောက်လာ၏။
ဆေးရုံကားပေါ် လမ်းတစ်လျှောက်လုံး၌လည်း နှင်းတစ်ယောက်မင်းမြတ်ရဲ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားကာ
ပါးစပ်ကလည်း"ရှင်ဘာမှမဖြစ်ရဘူးနော် ဘာမှမဖြစ်ရဘူး"
မင်းမြတ်ကတော့ဒဏ်ရာအရှိန်ကြောင့် မေ့သွားလိုက်သတိပြန်ရလိုက်ဖြစ်နေ၏။
_____/\_______/\_______
မင်းမြတ်ဒဏ်ရာကိုငါးချက်ချုပ်လိုက်ရသည်။
ဘယ်ဘက်ခါးနားကိုရှပ်ထိသွားပေမယ့် နည်းနည်းနက်သွားတာကြောင့် သွေးထွက်များသွားခြင်းဖြစ်သည်။
အခုတော့မင်းမြတ်မေ့ဆေးအရှိန်ကြောင့် အိပ်ပျော်နေ၏။နှင်း မင်းမြတ်ဘေးမှာလူနာစောင့်ရင်းသူဘာမှကြီးကြီးမားမားမဖြစ်တာကိုဘဲ ဝမ်းသာပြီးကျေးဇူးအလွန်တင်နေရသည်။
နှင်း ဒေါ်လေးမုံ accident နဲ့ကြုံပြီးနောက်ပိုင်း အဲ့လိုကိစ္စမျိုးနဲ့ထပ်ကြုံရမှာအရမ်းကိုကြောက်၏။
ခုထပ်ကြုံလိုက်ရတာကြောင့် မမေ့လဲရုံတမယ်။"တော်ပါသေးတယ် တော်ပါသေးတယ် ဘာမှမဖြစ်လို့ တော်ပါသေးတယ်"
နှင်းမင်းမြတ်လက်ကိုဆုပ်ကိုင်ရင်း မြန်မြန်သတိရလာဖို့ထိုင်ဆုတောင်းနေမိသည်။
"ဟို မနှင်းပန်းပွင့်အိမ်ပြန်ချင်ပြန်လိုက်ပါလား Boss ကို ကျွန်တော်ဆက်စောင့်လိုက်ပါ့မယ်"
အခန်းထဲကိုဝင်လာရင်းပြောလိုက်တဲ့ ဝဏ
"ရတယ် ကို၀ဏ နှင်းဘဲဆက်စောင့်လိုက်မယ် ကို၀ဏအိမ်ပြန်ပြီး မင်းမြတ်ရဲ့အဝတ်အစားတွေနဲ့အသုံအဆောင်ပစ္စည်းတစ်ချို့ပြန်ယူပေးလို့ရမလားဟင်"
YOU ARE READING
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomanceBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...