Unicode
ဒီနေ့ နှင်းဆေးရုံကနေဆင်းတဲ့နေ့။
မင်းမြတ်ကတော့ ဟိုနေ့နောက်ပိုင်းတစ်ရက်မှရောက်မလာခဲ့ပေ။ဒီနေ့ဝဏရယ်ကြီးစန်းရယ် နှင်းကိုလာကြိုကြသည်။"သမီးသက်သာတယ်မလား"
"ဟုတ်ကြီးစန်း သက်သာပါတယ်"
"ဆရာဝန်ကရောဘာမှာလိုက်သေးလဲ"
"ဆေးမှန်မှန်သောက်ဖို့ရယ် လက်ကဒဏ်ရာကိုအထိအခိုက်မခံဖို့ရယ်မှာလိုက်တယ်ကြီးစန်း"
"အော် ဟုတ်ပြီ သမီး"
အိမ်ပြန်ရောက်တော့မင်းမြတ်အိမ်မှာရှိမနေ။
"သမီးအခန်းထဲသွားနားတော့လေ အိမ်အလုပ်တွေမလုပ်နဲ့ဦး"
"ဟုတ် ကြီးစန်း"
နှင်းအခန်းထဲဝင်ပြီးအိပ်ယာပေါ်လှဲနေမိသည်။
အတွေးများစွာ နယ်ချဲရင်းနဲ့ပေါ့မင်းမြတ် အကြောင်းစုံကိုရှင်းပြပြီးနောက်ပိုင်း နှင်းညဆိုရင်တောင်အိပ်မပျော်တော့။
တကယ်ဘဲ အမေတို့အဖေတို့ကအဲ့လိုလုပ်ခဲ့တာလား။
တကယ်သာဆိုရင် တော်တော်ရက်စက်ကြတာဘဲ။
တကယ်မဟုတ်ဖို့လည်းအကြိမ်ကြိမ်သာဆုတောင်းမိသည်။
ဒါပေမယ့် ဒီအချိန်မှာနှင်းလုပ်နိုင်တာဘာတစ်ခုမရှိ။မင်းမြတ်ကိုတောင်းပန်ရုံကလွဲပြီး။"အဖေနဲ့အမေရယ် ဘာလို့ဒီလိုလုပ်ခဲ့တာလဲ"
---
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံကြောင့် နှင်းအိပ်ပျော်နေရာမှထပြီး တံခါးထဖွင့်လိုက်သည်။
"Boss ကခေါ်ခိုင်းလိုက်လို့ပါ"
"အော် ဟုတ်"
ဝဏ လာခေါ်တာကြောင့်နှင်းလည်းမင်းမြတ်ရှိရာကိုသွားလိုက်၏။
"ဒေါက် ဒေါက် ဒေါက်"
"ဝင်ခဲ့"
အခန်းထဲဝင်လာလိုက်တော့မင်းမြတ်နဲ့အတူမိန်းကလေးတစ်ဦး။ဆံပင်အတိုကိုမှဖြောင့်ထားပြီးအဝတ်အစားတွေက ခေတ်ဆန်ဆန် စကပ်အတိုနဲ့အပေါ်ကဂျင်းအင်္ကျီနဲ့ ရုပ်ရည်ကလည်းတော်တော်လှသည်။ အသားကလည်းဖွေးဥလို့။
YOU ARE READING
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomanceBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...