: 09

7.3K 776 53
                                    

(Photo credit to Pinterest)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Photo credit to Pinterest)





~~~~~~~~~~~~~~~~~~~~~~~~~~





Unicode

"ပေးပူး"

"ပေး"

"ပေးပူး ။ အဲ့တာ တျန့်တျန့်ဟာ ။ မင့် ကွကိုယ် စားချင်ရင် ကွကိုယ် ယူယာပါရား"

"ပေးဆို"

ဂျယ်လီဗူးကို ကျောနောက်မှာဖွက်လို့ ကျန့်ကျန့်လေးက ခေါင်းတရမ်းရမ်းနဲ့ ငြင်းနေတယ် ။

ကျန့်ကျန့်ရှေ့မှာ ရှိနေတာက တစ်တန်းလုံးကို ဘူလီတတ်တဲ့ ဖက်တီးကောင် ။

"ပေးဆို ကျန့်ကျန့် ။ ငါ မင်းကို လုပ်လိုက်မှာနော်"

"တျန့်တျန့်လဲ အင့်ဟာဆိုပြီး ပြန်ယုတ်လိုက်မာ ။ ရှေ့တိုးမယာနဲ့"

လက်တစ်ဖက်ကို ကျောနောက်ကို ပစ် ၊
တစ်ဖက်ကို ခါးထောက်ရင်း
ဗိုက်ကလေးကော့လို့ ကျန့်ကျန့်က ရန်ပြန်စွာတယ် ။
အောက်က တုန်နေတဲ့ ဒူးခေါင်းလေးတွေကိုလဲ ဖက်တီးကောင် မမြင်အောင် မနည်း ထိန်းထားရသေးတယ် ။

ဒီနေ့ အိပေါ်က သူ့မားမားနဲ့ သွားစရာရှိလို့ ထမင်းစားချိန်မတိုင်ခင်အထိ မူကြိုလာမှာမဟုတ်ဘူး ။
မနက်ကတော့ "အိပေါ်က ထမင်းစားချိန်ကို မူကြိုရောက်အောင် လာခဲ့မယ် ။ ကျန့်ကျန့်စောင့်နေနော်" ဆိုပြီး ပြောသွားတဲ့ အိပေါ်က အခု ထမင်းစားချိန်ကျော်သွားတာတောင် ရောက်မလာသေးဘူး ။

ဒီနေ့မှ ကျိုးဟန်တို့ မောင်နှမနှစ်ယောက်ကလဲ မူကြိုမလာဘူး ။

ကျန့်ကျန့်လေးမှာ အဖော်တွေမဲ့ ၊ အင်အားတွေနည်းနေမှန်းသိလို့ အနိုင်ကျင့်နေတာ ဒီဖက်တီးက ။

ဟွန်း ။
တရားမျှတမှုမရှိတဲ့ ဖက်တီးကို ကျန့်ကျန့်လေး သိပ်မုန်း ။

Wine (Completed)Where stories live. Discover now