: 35 [Final]

12K 715 25
                                    

Unicode

ဘွဲ့နှင်းသဘင်နေ့ ။

ဘွဲ့ဝတ်စုံဖားဖားလေးနဲ့ကျန့်ကျန့်က ဒီနေ့ မိတ်ကပ်ပါးပါးလေးလိမ်းလာတာကြောင့် ပုံမှန်ရက်တွေထက် ပိုလှနေတယ် ။ ပါးအိအိလေးတွေ ၊ မျက်ခွံမို့မို့လေးတွေ ၊ နှုတ်ခမ်းပါးပါးလေးတွေက ပုံမှန်ထက် ပန်းရောင်လေးသန်းပြီး ချစ်ဖို့ကောင်းအောင်ပြုံးနေတဲ့ ကျန့်ကျန့်ပုံစံက ဘွဲ့ရမယ့်သူနဲ့မတူပဲ ချစ်စရာအထက်တန်းကျောင်းသားလေးအသွင်ဆောင်နေတယ် ။

"ကျန့်ကျန့် မင်းအရမ်းလှတယ်"

ရိပေါ်က အမြတ်တနိုးငေးကြည့်ရင်းဆိုလာတာကြောင့် ကျန့်ကျန့်က ယုန်သွားလေးတွေပေါ်လာတဲ့အထိ ၊ မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိ သဘောတကျပြုံးပြလာတယ် ။ ပြီးတာနဲ့ ခုနတည်းကပြောချင်နေတာကို အောင့်ထားရတဲ့ပုံလေးနဲ့ ရိပေါ်ကိုတစ်လှည့် ပြန်ပြီးချီးကျူးလာခဲ့တယ် ။

"ငါ့ရဲ့အိပေါ်လဲ ဒီနေ့ အရမ်း အရမ်းကို ချောနေတယ်"

အနောက်တိုင်းဝတ်စုံအနက်ဝမ်းဆက်ရယ် ၊ မျက်မှန်လေးထောင့်တစ်လက်ရယ်နဲ့ ရိပေါ်က လူကြားထဲထင်းလင်းနေတဲ့အထိ လုံးဝကို ခန့်ညားလွန်းနေတယ် ။ ဘေးနားက ကျောင်းသူအချို့တောင် ရိပေါ်ကိုခိုးကြည့်နေကြတာတွေ့ပေမယ့် ကျန့်ကျန့် ဒီနေ့တော့ အပြစ်မဆိုမိတော့ ။ သူကိုယ်တိုင်တောင် ရိပေါ်ရဲ့ချောမောမှုတွေမှာ မျက်တောင်မခတ် ငေးနေမိသည်မလား ။

"မင်းကတော့ အမြဲချစ်ဖို့ကောင်းနေတော့တာပဲ ကျန့်ကျန့်"

"အွန်း"

"ကိုယ့်ကိုယ်ကို သိတယ်ပေါ့"

"အွန်း ငါအဲ့လိုချစ်ဖို့ကောင်းနေလို့ မင်းအရမ်းတွေချစ်နေတာလဲသိတယ်"

စင်ပေါ်တက်ရမယ့်အချိန်ကိုစောင့်နေရင်း လှုပ်တုတ်လှုတ်တုပ်လုပ်နေတဲ့ကျန့်ကျန့်ကို ရိပေါ်က အတော်လေးအသည်းယားလာဟန်နဲ့ ကျန့်ကျန့်ရဲ့ ပါးပြင်အိအိလေးကို ဖိကပ်နမ်းလာတော့တယ် ။ ရိပေါ်တို့ကို သိသိသာသာရော မသိမသာပါ စပ်စုနေကြတဲ့ ဘေးနားက ကျောင်းသားတစ်စုက ထိုမြင်ကွင်းကိုမြင်တော့ တဝိုးဝိုး တဝါးဝါး ထအော်ကြတာမို့ ကျန့်ကျန့်က ပါးအို့လေးတွေ နားရွက်ထိပ်ဖျားလေတွေတောင် ရဲတွတ်တဲ့အထိ ရှက်သွားရှာတယ် ။

Wine (Completed)Tempat cerita menjadi hidup. Temukan sekarang