: 31

7.1K 648 10
                                    

Unicode



ချစ်သူဖြစ်ပြီး သုံးနှစ်အကြာ ။



"ဘာ !!! "

"ကျိုးဟန်တို့ပြန်ရောက်နေပြီတဲ့ အိပေါ် အဲ့တာ..."

ရိပေါ်က အကြီးအကျယ်ပေါက်ကွဲပြနေတော့ ကျန့်ကျန့်ဆက်ပြောမယ့်စကားတွေခဏရပ်ထားလိုက်မိတယ် ။

ကျိုးဟန်တို့မောင်နှမက အထက်တန်းပြီးကတည်းက England ကိုထွက်သွားခဲ့ကြတာဖြစ်တယ် ။ ကျန့်ကျန့်နဲ့ရိပေါ်တို့ ပတ်သက်မှုကိုသိပြီး လက်လျှော့ခဲ့ကြတဲ့သူတို့နှစ်ယောက်က ပညာရေးအကြောင်းပြချက်နဲ့ ရေခြားမြေခြားကိုထွက်သွားခဲ့ကြပြီး ယခုမှပြန်ရောက်လာကြခြင်းဖြစ်တယ် ။

"အိပေါ် အဲ့တာလေ သူတို့က party ဖိတ်ထားတယ် ငါတို့နှစ်ယောက်ကို"

"မသွားနဲ့ ကျန့်ကျန့်"

"မသွားလို့မကောင်းဘူးလေ အိပေါ် ။ ငါတို့က ဘာအကြောင်းပြချက်မှမရှိဘဲ ဒီတိုင်းကြီးမသွားတာတော့ အဆင်မှမပြေပဲကို"

"ကိုယ့်ရဲ့စိတ်ကိုမင်းမသိဘူးလား ကျန့်ကျန့် ။ ကိုယ့်မှာ သူရှိနေတုန်းက မင်းကိုဘယ်အချိန်ကိုယ့်ဆီကဆွဲထုတ်သွားမလဲပူနေရတာကို"

"အဲ့တာက ကြာခဲ့ပြီလေ အိပေါ် ။ သုံးနှစ်တောင်ကြာနေမှတော့ သူက ငါ့ကို ဆက်ကြိုက်ပါဦးမလား ။ ပြီးတော့ သူ့မှာ စေ့စပ်ထားတဲ့သူရှိနေပြီတဲ့ ။ ငါတို့ကို စိတ်သန့်သန့်နဲ့လာဖို့ပြောသွားတယ်"

"ပြောသွားတယ် ? မင်း သူနဲ့ဖုန်းပြောတာလား ကျန့်ကျန့် ? "

"အင်း .. "

"ဘာ !!"

"သူဆက်လို့ ဒီတိုင်း ကိုင်လိုက်တာပါ"

ဒီနေ့ စိတ်ကြည်ပုံမရတဲ့ရိပေါ်က ဘာမဟုတ်တာလေးကို အပြစ်မြင်ပြီး စိတ်တိုနေတယ် ။ ကျန့်ကျန့် စကားမများချင်တာကြောင့် အကုန်အမှန်အတိုင်းပဲပြောပြမိတယ် ။

ရိပေါ်က ဒါကို မကျေနပ်နိုင်သေးပဲ ကျန့်ကျန့်ရဲ့ဖုန်း history ကိုပြန်ဆွဲကြည့်တယ် ။ ကျိုးဟန်ဆိုတဲ့နာမည်နဲ့ အဝင် call က တစ်နာရီကျော်ကြာတယ်ဆိုတဲ့စာလဲတွေ့ရော အကြီးအကျယ်ပေါက်ကွဲတော့တာပဲ ။

Wine (Completed)Donde viven las historias. Descúbrelo ahora