: 20

7.3K 696 3
                                    

Unicode

ဒီနေ့ဟာ မိသားနှစ်စု ထမင်းလက်ဆုံစားတဲ့နေ့ဖြစ်တယ် ။
ငယ်ငယ်တည်းက နှစ်အိမ့်တစ်အိမ်ပေါင်းနေကြတဲ့ ကျန့်ကျန့်နဲ့ ရိပေါ်တို့ မိသားစုနှစ်စုဟာ အနည်းဆုံး နှစ်ပတ်တစ်ခါလောက် ထမင်းလက်ဆုံစားဖြစ်ကြတယ် ။

ထမင်းဝိုင်းမှာ လူကြီးလေးယောက်က စကားတပြေပြောရှိနေကြပေမယ့် ကျန့်ကျန့်တို့နှစ်ယောက်က ငြိမ်ချက်သားကောင်းနေတယ် ။

အခုဆို ရက်သတ္တပတ်သုံးပတ်မြောက်ရှိပြီဖြစ်ပေမယ့် ကျန့်ကျန့်က ရိပေါ်အပေါ်ကို အရင်လို ပြန်မဖြစ်လာသေးဘူး ။ လူကြီးတွေကတော့ ကျန့်ကျန့်စိတ်ကောက်နေတုန်းလို့ထင်နေကြပေမယ့် ဒါဟာ စိတ်ကောက်နေတာမဟုတ်မှန်း ရိပေါ်သိတယ် ။

ကျန့်ကျန့်က ရိပေါ်ကို စိတ်ဆိုးစိတ်ကောက်နေတာမဟုတ်ဘူး ။ ရိပေါ်အထင်ပြောရရင် တစ်ခုခုကို နားလည်မှုလွဲနေခဲ့တာ ။ အကြောင်းကိစ္စတစ်စုံတစ်ရာမရှိပါပဲ ချက်ချင်းကြီးပြောင်းလဲသွားတာဟာ နားလည်မှုလွဲတာမဟုတ်လို့ မည်သည့်အကြောင်းအရာထပ်ရှိပါ့မလဲ ။ ဒီရက်ပိုင်း ရိပေါ်ကြိုးစားသမျှဟာလဲ အလကား ။ ကျန့်ကျန့်က အခုထိတိုင် ရိပေါ်အပေါ် စိမ်းကားနေဆဲဖြစ်တယ် ။

လောလောဆယ် ထမင်းဝိုင်းမှာ
ပါးပါးနှစ်ယောက်က အလုပ်အကြောင်းဟိုပြောဒီပြောရှိနေပြီး မားမားနှစ်ယောက်ကလဲ သူတို့အာရုံနဲ့သူတို့ ညနေခင်းဇာတ်လမ်းတွဲတစ်ခုကို ဆွေးနွေးနေကြတာမို့ ရိပေါ်တစ်ယောက်တည်း အထီးကျန်နေတယ် ။

ခါတိုင်း အိပေါ်ဆိုပြီး ချွဲတတ်တဲ့ကျန့်ကျန့်က အခုတော့ ဘေးနားမှာ ခေါင်းငိုက်စိုက်လို့ ပါးအိအိကြီးတွေဖောင်းတက်အောင်အထိ အစားကိုသာ အာရုံစိုက်စားနေခဲ့တယ် ။

"ပုစွန်"

ခေါင်းငုံ့စားနေတဲ့ကျန့်ကျန့်ပန်းကန်ထဲကို အခွံနွှာပြီးသား ပုစွန်တစ်ကောင်ထည့်ပေးတော့ ကျေးဇူးအိပေါ်ဆိုပြီး ခပ်တိုးတိုး ပြန်ပြောတယ် ။ ရိပေါ်က ဆက်ပြီး စကားမပြတ်အောင်ပြောချင်ပေမယ့် ကျန့်ကျန့်က ချာခနဲ တစ်ဖက်ပြန်လှည့်သွားတာမို့ ရိပေါ်မှာ အခက်တွေ့နေရတယ် ။

Wine (Completed)Donde viven las historias. Descúbrelo ahora