: 14

7.4K 771 17
                                    

Unicode

"ရိပေါ် ငါ ဒီအပုဒ်မရလို့ ရှင်းပြပေးလို့ရမလား"

အတန်းနောက်ဆုံးမှာထိုင်နေတဲ့ ရိပေါ်ဆီကို ကျင်းကျင်းက ရောက်လာပြီး မျက်လုံးဝင့်ကာဖြင့် အကူအညီတောင်းတယ် ။

ရိပေါ်က ရုပ်ချောရုံသာမက တစ်ကျောင်းလုံးရဲ့ စံပြကျောင်းသားအဖြစ် လူတိုင်း လက်ခံထားကြတယ် ။ အားကစား ၊ စာပေ ၊ ဘက်စုံတော်တဲ့ ရိပေါ်ကို မိန်းကလေးတော်တော််များများ စိတ်ဝင်စားကြသည်မှာ လွန်တယ်လို့တော့မဟုတ် ။

"အိပေါ် ! ငါ.. ငါလဲ မရဘူး"

ခုနကအထိ ရိပေါ်ရဲ့ဘေးခုံမှာ မှောက်အိပ်နေတဲ့ ကျန့်ကျန့်က ကျင်းကျင်းအသံလဲကြားရော ပျာပျာသလဲထလာတယ် ။

ရိပေါ်က အခုမှ ကမန်းကတမ်း ထလာတဲ့ ကျန့်ကျန့်ကို တစ်ချက်ပြုံးပြကာ အနည်းငယ်ပုံပျက်နေတဲ့ ဆံပင်နုနုလေးတွေကို အသာအယာဖိချပေးလိုက်ရင်း ခုနက ကျန့်ကျန့်ခေါင်းခုအိပ်နေတဲ့ သူ့ရဲ့ အနွေးထည်ကို ပြန်ခေါက်နေတယ် ။

"ဘာမရတာလဲ"

"ဒီအပုဒ်ကိုမှနောက်ပိုင်း...."

"မင်းကို မဟုတ်ဘူး ။ ကျန့်ကျန့်ကို မေးတာ"

မတ်တပ်ရပ်နေတဲ့ ကျင်းကျင်းက ရိပေါ်ရဲ့ တုံးတိစကားကြောင့် အနည်းငယ်ရှက်သွားတာမို့မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း အင်းအဲလိုက်တယ် ။

ကျန့်ကျန့်ကတော့ သူပြောတုန်းကပြောပြီးမှ အခုလို အမေးခံရတော့ ဘာဖြေရမှန်းမသိတဲ့ပုံလေး ။ ပြီးမှ ကျင်းကျင်းလက်ထဲမှာကိုင်ထားတဲ့ သင်္ချာစာအုပ်ကိုတွေ့ပြီး သင်္ချာနားမလည်ဘူးဆိုပြီး ဖြေရှင်းချက်ပေးတယ် ။

"ဘယ်အခန်းလဲ"

"အမ်းးးး အမှန်အတိုင်းပြောရရင် ဟိုလို မရတာမျိုးတော့ မဟုတ်ပေမယ့် .. ဟိုလို ရတာလဲ မဟုတ်ဘူး ။ ငါပြောတာ မင်း သိတယ်မလား အိပေါ်"

ကျန့်ကျန့်စကားကြောင့် ရိပေါ်က မျက်ခုံးပင့်ကြည့်တော့ ကျန့်ကျန့်က ယုန်သွားလေးတွေ ပေါ်လာတဲ့အထိ ဟီးခနဲရယ်ပြရင်း မျက်နှာချိုသွေးတယ် ။

"အင်း .. ဒါဆို အခန်း ၅ က ခက်လို့ အဲ့ဟာ အရင်ရှင်းပြမယ် ။ ဖြစ်လား ကျန့်ကျန့်"

Wine (Completed)Where stories live. Discover now