: 13

7.5K 822 15
                                    

Unicode

ကျန့်ကျန့်ကို ဖွင့်ပြောတဲ့ မိန်းကလေးကို ဝမ်ရိပေါ် အော်ငေါက်လွှတ်လိုက်ကတည်းက
ကျန့်ကျန့်နဲ့ရိပေါ်သတင်းဟာ တစ်ကျောင်းလုံးမှာ စိတ်ဝင်စားမှုအများဆုံးဖြစ်လာတယ် ။

ထို့ပြင်
ဒီနှစ်စာသင်နှစ်ရဲ့ King အဖြစ် ဝမ်ရိပေါ်ကို အလိုလို သတ်မှတ်ပေးလိုက်ကြတာဖြစ်လို့ ရိပေါ်ဘာလုပ်လုပ် တစ်ကျောင်းလုံးရဲ့ အာရုံစိုက်မှုကို ရတာ သိပ်တော့ဆန်းလှသည် မဟုတ် ။

"ကျန့်ကျန့် .. ချစ်သူများနေ့နီးနေပြီနော်"

"အင်း ... "

ကျိုးဟန်က စကားစပေးတော့ ကျန့်ကျန့်က ရိပေါ်ကို မျက်လုံးတစ်ချက်စွေကြည့်တယ် ။ ပြီးတာနဲ့ ကျိုးဟန်နားကို တိုးကပ်လို့ နှစ်ယောက်ကြားရုံ တီးတိုးပြောကာ
တစ်ယောက်နဲ့တစ်ယောက် တဖတ်ဖတ်ရိုက်ရင်း ရယ်နေကြပြန်တယ် ။

"မင်း ... ငါပြောတာ မြင်ယောင်ကြည့်စမ်း .. ဟိဟိ"

တဟိဟိရယ်လိုက် ကျိုးဟန်ကိုရိုက်လိုက် သဘောတွေကျနေတဲ့ ကျန့်ကျန့်ကို
ဘေးက ဝမ်ရိပေါ်က ဆူပုတ်နေတဲ့ရုပ်နဲ့ စူးစူးရှရှကြည့်နေတယ် ။

ပြီးတာနဲ့ သည်းမခံနိုင်တော့သလိုမျိုး ဝုန်းခနဲ ကျန့်ကျန့်ထိုင်နေတဲ့ခုံကို သူ့ဘက်ပါလာအောင်ဆွဲချလိုက်တော့ ခုံပေါ်က ကျန့်ကျန့်ကပါ အလန့်တကြားနဲ့ ဝမ်ရိပေါ်ဆွဲတဲ့နောက်ကို တစ်ခါတည်းပါလာတယ် ။

"အိပေါ် ? "

"ဘာပြောတာလဲ"

ကျန့်ကျန့်က ခေါင်းအသေခါတယ် ။
ဘေးက ကျိုးဟန်ဆီက ခွိကနဲအသံထွက်လာတော့ ရိပေါ်က မျက်မှောင်ကျုံ့သွားတယ် ။

"ကျန့်ကျန့်"

"ဟင့်အင်း ။ တကယ် ဘာမှမဟုတ်ဘူး"

"......."

"......."

"......."

"......."

"အိုကေ အိုကေ ။ ငါပြောပြပါ့မယ် ။ အဲ့လိုရုပ်ကြီးနဲ့ ငါ့ကို မကြည့်ပါနဲ့"

"........"

"အိပေါ် "

"......."

"အိပေါ်လို့"

Wine (Completed)Where stories live. Discover now