: 15

7.7K 731 15
                                    

Unicode

"လူစုံရင် ထွက်ကြမယ်နော် ~ အားလုံးလူစုံပြီမလား"

ဒီနေ့က အထက်တန်းကျောင်းသားဘဝရဲ့ မပါမဖြစ်ဖြစ်တဲ့ လေ့လာရေးနေ့ ။ အထက်တန်းဒုတိယနှစ်ပြီးတော့မယ့်ကျောင်းသားတွေကို အတန်းတင်စာမေးပွဲကြီးမလာခင် ခေါင်းဆေးတဲ့သဘောအနေနဲ့ ကျောင်းက စီစဉ်ပေးထားတာဖြစ်တယ် ။

ကားထွက်ခါနီးလူစစ်နေတဲ့ဆရာတွေရယ် ၊ နေရာမရသေးလို့ တိုးကြိတ်နေကြတဲ့ကျောင်းသားအချို့ရယ်နဲ့ ကျောင်းကစီစဉ်ပေးထားတဲ့ school bus ဟာ ဝရုန်းသုန်းကား ။

ကားမထွက်ခင် နာရီဝက်အလိုထဲက ကြိုရောက်နေတဲ့ ရိပေါ်တို့က ကားနောက်ဆုံးနေရာမှာ အခန့်သားနေရာယူပြီးသား ။

ကျန့်ကျန့်ကို ကားပြတင်းပေါက်ဘက်ကိုထိုင်ခိုင်းလို့ ရိပေါ်က ဘေးခုံမှာ ဝင်ထိုင်ခြင်းဖြင့် ကျန့်ကျန့်ကို ကျိုးဟန် ရန်ကနေ အောင်အောင်မြင်မြင်ကာကွယ်နိုင်လိုက်ဟန်နဲ့ ရိပေါ်က မျက်နှာဝံ့တယ် ။ ထို့ပြင် နောက်ဆုံးတန်းဖြစ်တာကြောင့် ဘယ်သူမှအသွားအလာမရှိတယ့် ခုံတွေအကြားက အလယ်နေရာကို သူ့ရဲ့ ခရီးဆောင်အိတ်ကြီးနဲ့ကာထားတယ် ။ ကားအနောက်ချောင်ထဲမှာ နှစ်ယောက်တည်းကမ္ဘာတည်ချင်တဲ့ရိပေါ်က တကယ်ကို အကွက်စေ့နေရော ။

ကားစထွက်တာနဲ့ ကားတစ်ခုလုံး ကျောင်းသားတွေသဘာဝ သီချင်းတွေအော်ဆိုကြ လက်ခုပ်တွေတီးရင်း ဂိမ်းဆော့ကြနဲ့ တော်တော်တော့ ပျော်စရာကောင်းလှတယ် ။

အစပိုင်းမှာတော့ တက်တက်ကြွကြွ သီချင်းလိုက်ဆိုနေတဲ့ကျန့်ကျန့်က နည်းနည်းကြာတော့ တဖြည်းဖြည်းငြိမ်ကျလာတယ် ။

"ဘာလို့လဲ ။ အဆင်မပြေဘူးလား ကျန့်ကျန့် ။ ကားမူးနေလား"

"နည်းနည်းမူးလာပြီ အိပေါ် ။ အသက်ရှူမဝသလိုပဲ"

အစောပိုင်းက လေတိုးလို့ ခဏပိတ်ထားခဲ့တဲ့ ပြတင်းပေါက်ကို ရိပေါ်က ပြန်ဖွင့်ပေးတယ် ။ တစ်ဆက်တည်း ကျောပိုးအိတ်ထဲမှာ သယ်လာတဲ့ မာဖလာနီနီလေးကို ကျန့်ကျန့်လည်ပင်းတစ်ဝိုက်ကို တယုတယပတ်ပေးပြန်တယ် ။ ပြီးတာနဲ့ ကျန့်ကျန့်ရဲ့ကိုယ်လုံးငယ်ကို လေတိုးမှာစိုးလို့ သူ့ရင်ခွင်ထဲအတင်းဆွဲသွင်းလို့ တင်းတင်းကြပ်ကြပ်ဖက်ပေးထားတယ် ။

Wine (Completed)Where stories live. Discover now