: 33

7K 647 13
                                    

Unicode

နေ့ရက်တွေခပ်မြန်မြန်ကုန်ဆုံးပြီးတဲ့နောက် ကျန့်ကျန့်တစ်ယောက် တက္ကသိုလ်ရဲ့နောက်ဆုံးနှစ်ကျောင်းသားဖြစ်လာခဲ့တယ် ။

အခုဆို ပန်းချီတက္ကသိုလ်ရဲ့စီနီယာကျောင်းသားကျန့်ကျန့်လို့ ဆိုလိုက်တာနဲ့ တက္ကသိုလ်တစ်ခုလုံး မသိတဲ့သူမရှိ ။

အပြုံးချိုချိုလေး ၊
နှုတ်ခမ်းအောက်ကမှည့်နက်လေး ၊
စီးပွါးရေးတက္ကသိုလ်က The Whole King ဝမ်ရိပေါ်ရဲ့ခိုက်ခိုက်တုန်ဥထားခံရတဲ့ကောင်လေး
ဆိုတာတွေက
ကျန့်ကျန့်ဆိုတဲ့နာမည်နောက်မှာ တစ်ဆက်တည်းတွဲရက်ပါလာကြတဲ့ ဂုဏ်ပုဒ်လေးတွေဖြစ်တယ် ။

ထို့အပြင် အခုနောက်ပိုင်းမှ ကျန့်ကျန့်ရဲ့လက်သန်းကြွယ်ဖြူဖြူလေးမှာ လှပစွာရှိနေတဲ့ လက်စွပ်လေးဟာလဲ လူအများစိတ်ဝင်စားခြင်းရဲ့ပစ်မှတ်ဖြစ်နေခဲ့တယ် ။

အမှန်ပင် ။
ထိုလက်စွပ်လေးက ရိပေါ်နဲ့ကျန့်ကျန့်တို့ရဲ့ စေ့စပ်လက်စွပ်ဖြစ်တယ် ။
ကျန့်ကျန့်ကို တခမ်းတနားလက်ထပ်ယူဖို့အထိစဉ်းစားထားတဲ့ရိပေါ်က ကျန့်ကျန့်ဘွဲ့မရသေးခင်ကြားကာလအတွင်း အရင်ဆုံး လူသိရှင်ကြားစေ့စပ်ထားပေးဖို့ မိဘတွေကို ပူဆာခဲ့သည်ပင် ။ ကျန့်ကျန့်တို့စေ့စပ်ပွဲတုန်းကဆို တက္ကသိုလ်နှစ်ခုလုံးကကျောင်းသားတွေကြားအရမ်းကို ရေပန်းစားခဲ့ပါသေး၏ ။

ဒီ့အပြင် ကျန့်ကျန့်ထက်တစ်နှစ်စောပြီး ဘွဲ့အရင်ရသွားခဲ့တဲ့ရိပေါ်က အခုဆို ဝမ်ပါးပါးရဲ့ကုမ္ပဏီမှာ အလုပ်စဆင်းနေပြီဖြစ်တယ် ။ နဂိုထဲက ထက်မြက်လွန်းတဲ့ရိပေါ်က သိပ်မကြာတဲ့အချိန်တိုအတွင်းမှာပဲ ကုမ္ပဏီတစ်ခုလုံး၏ အတွင်းကျကျအချက်အလက်တစ်ခုချင်းဆီကိုလေ့လာနိုင်ခဲ့ပြီး ဝမ်ပါးပါးရဲ့အားကိုးရတဲ့ ညာလက်ရုံးလေးဖြစ်လာခဲ့တယ် ။

သည်လောက်အရည်အချင်းရှိပြီး ချောမောလွန်းတဲ့အိပေါ်ကို ပိုင်ဆိုင်ထားရတာ ကျန့်ကျန့်အတွက် ဘုရားပေးတဲ့ အကြီးမားဆုံးသောဆုလာဘ်တစ်ပါးပါပဲ ။

"ကျန့်ကျန့် ! ဆရာ စာသင်နေတယ်လေ ။ မင်းရဲ့လက်စွပ်ကိုခဏမေ့ထားပြီး ဆရာ့ကို နည်းနည်းအာရုံစိုက်ပါဦးလား"

Wine (Completed)Where stories live. Discover now