: 06

8.3K 862 48
                                    

(Photo credit to Pinterest)

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

(Photo credit to Pinterest)

~~~~~~~~~~~~~~~~~~~~~~~~~~~


Unicode

အိပေါ်ရဲ့ဖွားဖွားက နေမကောင်းအရမ်းဖြစ်နေတယ်လို့ အိပေါ်မားမားကို မနက်တုန်းက ဖုန်းဆက်ပါတယ် ။ ဒီတော့ မွေးချင်းအကိုအမတွေမရှိတဲ့ တစ်ဦးတည်းသောသမီး အိပေါ်မားမားဟာ နယ်မှာကျန်ခဲ့တဲ့ဖွားဖွားကို ပြုစုရဖို့ဖြစ်လာပါတယ် ။

တစ်မနက်လုံး ချော့မော့ပြောနေခဲ့ပေမယ့် အိပေါ်က မားမားနဲ့ နယ်လိုက်ပြန်ဖို့ကို ဘယ်လိုမှသဘောမတူဘဲ အော်ဟစ်လို့သောင်းကျန်းနေခဲ့တယ် ။

အထုတ်အပိုးတွေအကုန်ပြင်ဆင်ပြီးသားဖြစ်နေခဲ့တဲ့ အိပေါ်ပါးပါးနဲ့မားမားက မျက်ရည်လည်ရွှဲနဲ့အိပေါ်ကိုကြည့်ပြီး စိတ်မသက်မသာဖြစ်နေကြရတယ် ။

အရင်က တစ်ခါမှမငိုဖူးတဲ့ သူတို့ရဲ့ ကလေးလေးအိပေါ်က ဘယ်များရောက်သွားပါလဲ ။

ဖွားဖွားကြီးနေမကောင်းတုန်းလေး ခဏဘဲ နယ်ကိုပြန်မှာလေ ။ တစ်သက်လုံးမှမဟုတ်ဘဲကို ။

ဒါကို "အိပေါ်က ကျန့်ကျန့်နဲ့မခွဲနိုင်လို့ပါ" ဆိုပြီး တစ်မနက်လုံး အော်ငိုနေခဲ့တဲ့ အိပေါ်လေးက တကယ်ကို ဝမ်းပမ်းတနည်း ။

ခါတိုင်းလို အိမ်လည်လာတဲ့ ကျန့်ကျန့်လေးကလဲ ဒီနေ့မှာတော့ ဆော့တောင်မဆော့ရဘဲ တစ်နေ့လုံး အိပေါ် အတင်းအကြပ် ဖက်ထားတာကို ငြိမ်ငြိမ်လေးခံနေရရှာတယ် ။ တကယ်ပါ ။ အိပေါ်လေးက ကျန့်ကျန့်လေးကို မနက်တည်းက ဖက်ပြီးငိုနေခဲ့တာ ။

"အိပေါ်လေး .. မားမားရှင်းပြပြီးပြီလေ ။ မားမားတို့က ဖွားဖွားကြီးနေမကောင်းလို့ ခဏလေးဘဲ ။ တကယ်ကို ခဏလေးပဲ ဖွားဖွားကြီးဆီပြန်မှာလေ ။ ဖွားဖွားကြီးနေကောင်းသွားတာနဲ့ ဒီကိုချက်ချင်းပြန်လာမှာလေ"

Wine (Completed)Tempat cerita menjadi hidup. Temukan sekarang