: 17

6.7K 693 4
                                    

Unicode


"ရှစ်ငါးလီက ဘယ်လောက်လဲ"

"လေးဆယ်"

"မင်းဘာလို့ သုံးဆယ်လို့ရေးထားတာလဲ ကျန့်ကျန့်"

သင်္ချာတူတူတွက်နေရင်း မှားသမျှကို ရိပေါ်က လိုက်ထောက်ပြနေတာမို့ ကျန့်ကျန့်က ဆူပုတ်နေပြီ ။ ကျောင်းပြန်ရောက်ကတည်းက နားတောင်မနားခိုင်းဘဲ ကျန့်ကျန့်ကို အိမ်စာအပြီးလိုက်လုပ်ခိုင်းနေတာ အခုဆို ညစာစားချိန်တောင်ရောက်နေပြီ ။ နံရံက နာရီကို ခဏခဏမော့ကြည့်ပြနေပေမယ့် ရိပေါ်က ကျန့်ကျန့်ကို မသိချင်ယောင်ဆောင်လို့ထားတယ် ။

"တစ်ခါတစ်လေလဲ မှားမှာပေါ့ ။ အပြစ်ပဲလာလာပြောနေတာပဲ ။ စိတ်လဲမရှည်ဘူး"

"အထက်တန်းတောင်ရောက်နေပြီကို အခြေခံလေးတွေကအစ မင်းကမှားနေတာလေ ကျန့်ကျန့် ။ ပြီးတော့ မင်းက တစ်ခုတစ်လေတောင်မဟုတ်ဘူး ။ အခုတင် အဲ့လို အမှားမျိုး သုံးခါရှိပြီကို"

*လူကိုဆို အရမ်းနိုင်စားတာပဲ*

"တိုးတိုးတိုးတိုးနဲ့ဘာပြောနေတာလဲ ကျန့်ကျန့်"

"ဘာမှမဟုတ်ဘူး ။ မင်းချောတယ်လို့ပြောတာ ။ ငါတို့အိပေါ် အချောဆုံး ။ ရပြီလား"

ကျန့်ကျန့်က ရွဲ့စောင်းပြီး စိတ်မကြည်တော့မှန်းသိတော့ ရိပေါ်က သဘောကျသလိုပြုံးတယ် ။ သူ့ကျန့်ကျန့်က ဗိုက်ဆာရင် တစ်လောကလုံးကို အမြင်ကြည်တော့တာမဟုတ်ဘူး ။

"ခနနားပြီး ညစာစားတော့မလား"

"အိုက်ယား အိပေါ်ရာ ငါမင်းဆီက အဲ့စကားကြားရဖို့စောင့်နေတာကြာလှပြီ"

လိုချင်တာရသွားတော့ ကျန့်ကျန့်က တက်တက်ကြွကြွနဲ့ စာအုပ်တွေလိုက်ပိတ်တယ် ။ ပြီးတာနဲ့ ရိပေါ်ကိုတောင်မစောင့်တော့ဘဲ တဒုန်းဒုန်းနဲ့ ထမင်းစားခန်းကိုပြေးတော့တာပဲ ။

ရိပေါ်ခေါင်းအသာခါလိုက်ရင်း အပုံလိုက်ကြီးထိုးထည့်သွားတဲ့ကျန့်ကျန့်စာအုပ်တွေကို သေချာပြန်စီပေးဖို့လုပ်လိုက်တယ် ။ ပြီးမှ စာအုပ်ပျောက်ရင် အိပေါ်ကငါ့စာအုပ်ကိုယူထားတယ်ဆိုပြီး အဆိုးလေးက လာစွပ်စွဲဦးမှာ ကြိုသိနေတယ်လေ ။

Wine (Completed)Tempat cerita menjadi hidup. Temukan sekarang