: 01

30.7K 1.3K 45
                                    

Unicode

ဒီနေ့ဟာ အိပေါ်ရဲ့နွေရာသီကျောင်းပိတ်ရက်ရှည်ကြီးများထဲက တစ်ရက်ဖြစ်ပါတယ် ။

ဒီနေ့လဲ ခါတိုင်းနီးတူ မနက်အစောကြီး နိုးနေတဲ့ အိပေါ်ဟာ ဝမ်မားမားမသိအောင် ခြံထဲမှာတိတ်တိတ်လေး ဆင်းဆော့ဖို့ကြံပါတယ် ။

ညက ဝမ်မားမားဝတ်ပေးတဲ့ အနွေးထည်ထူထူကို သူ့ရဲ့လက်ပုတိုတွေနဲ့မရမကဆွဲချွတ်ပြီးတဲ့နောက် အိပေါ်ဟာ ခြံထဲမှာ သွားဆော့ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ ။

အိပေါ်ဟာ မမှီတဲ့အရပ်ကို ခုံခုလို့ သူ့ရဲ့မဟာ အရုပ်ဗီရိုကြီးကို မရှိရှိမဲ့အားလေးနဲ့ဆွဲဖွင့်တဲ့အခါ .. အထဲမှာ ဝမ်မားမား ဝယ်ပေးထားတဲ့ မြောက်မြားစွာသော အရုပ်များက အိပေါ်ကို ကြိုလင့်လို့နေပါတယ် ။

ဒီနေ့ အိပေါ် ဘာနဲ့ဆော့ရပါမလဲ ။
ဟိုနေ့ကမှ ဝယ်ပေးထားတဲ့ lego ရုပ်တွေကိုဖြင့် ခြံထဲမှာဆော့ပစ်ရမှာ နှမြောလှပါတယ် ။
ထို့အတူ သေနတ်ပိစိတို့နဲ့ဆော့ဖို့ကျတော့လဲ အိပေါ်က သဘောတော်မတွေ့ဘူးဖြစ်နေပါတယ် ။

ဒါကြောင့် အိပေါ်ဟာ တစ်နေ့တာဆော့ဖို့အရေး ဗီရိုရှေ့မှာ ဘဲနှုတ်ခမ်းကိုထော်၊ ပါးကြီးကိုဖောင်းလို့ အသည်းအသန်ကို စဉ်းစားနေခဲ့ပါတယ် ။

နောက်ဆုံးတော့ ဆုံးဖြတ်ပြီးဟန်နှင့်
ဗီရိုအစွန်းမှာကပ်နေတဲ့ ဘောလုံးစိမ်းစိမ်းလေးကို လက်ပုတိုနှစ်ဖက်ဖြင့်ပိုက်ရင်း အိပေါ်ဟာ အိမ်ပေါ်ကနေ ခုန်ဆွခုန်ဆွဆင်းခဲ့ပါတော့တယ် ။

ဒီနေ့ အိပေါ်ဟာ အတော့်ကို စိတ်ကြည်လင်နေပုံပါပဲ ။ ဘောလုံးကိုဗိုက်မှာပိုက် ၊ ရင်ကော့ခေါင်းမော့ရင်း ခြံတစ်ပတ်အရင်ဆုံး လျှောက်ကြည့်နေပါသေးတယ် ။

ဝမ်မားမားက ခြံ​ထောင့်က အလှနှင်းဆီပန်းတွေနားကို သွားမဆော့ဖို့ အိပေါ်ကို မှာထားပါတယ် ။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ ။ အိပေါ်ဟာ ထိုနားကိုမှ သွားပြီးစပ်စုကြည့်ချင်ပါတယ် ။

ဒါကြောင့် မားမားမနိုးသေးခင် အိပေါ်ဟာ သူ့ရဲ့ အကြံအစည်ကို အကောင်အထည်ဖော်ဖို့ ခြံထောင့်ကို လှစ်ခနဲပြေးလာခဲ့ပါတယ် ။

Wine (Completed)Donde viven las historias. Descúbrelo ahora