: 23

7.4K 729 13
                                    


Unicode


အခန်းနံပါတ် ၄၈ ။

ဆေးနံ့တွေလှိုင်နေတဲ့ ဆေးရုံကုတင်ပေါ်မှာ မေ့မျောနေတဲ့ ကောင်လေးတစ်ယောက် ။

ခေါင်းတစ်ပြင်လုံးပတ်တီးစည်းထားရပြီး ကျိုးသွားတဲ့ခြေထောက်တစ်ဖက်မှာလဲ ပတ်တီးအထပ်ထပ် ။ နဂိုဖြူနုနေတဲ့မျက်နှာလှလှဟာ မေ့မျောနေသည့်တိုင် မပြောင်းမလဲလှနေဆဲ ။ မှည့်နက်လေးကွပ်ထားတဲ့ နှုတ်ခမ်းပါးရဲရဲတစ်စုံဟာတော့ အစိုဓာတ်ကို ငံ့လင့်နေတဲ့အသွင် ခြောက်သွေ့ဖြူဖျော့နေတယ် ။

"ရိပေါ် .. ခဏလောက်နားပါဦးလားသား "

ဆေးရုံကုတင်ပေါ်မှာ မလှုပ်မယှက်လှဲလျောင်းနေတဲ့ကျန့်ကျန့်ရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်ထားတဲ့ ရိပေါ်က တကယ့်ကို ဖရိုမရဲ ပြိုလဲနေခဲ့တယ် ။

ဝမ်မားမားကိုယ်တိုင် ပါးစပ်ထဲအတင်းလာခွံ့ကျွေးတဲ့ပေါင်မုန့်နည်းနည်းကလွဲလို့ မနေ့ညထဲက ရိပေါ် ဘာမှမစားရသေးသလို တစ်ရေးမှလဲမအိပ်ရသေးဘူး ။

မနေ့ညက ရှိုက်သံအကျယ်ကြီးနဲ့ တုန်တုန်လှုပ်လှုပ်ဖုန်းဆက်လာတဲ့ရိပေါ်ကြောင့် လူကြီးတွေခမျာ စိတ်ပူပူနဲ့ ချုံချင်းကနေ ညတွင်းချင်း အမြန်ပြန်လာခဲ့ရတာ။

ဒီရောက်တော့ ကျန့်ကျန့်လေးက အရေးပေါ်ခန်းမှာတဲ့ ။
ရိပေါ်ကိုကြည့်တော့လဲ စိတ်နဲ့လူနဲ့မကပ်သလို အရေးပေါ်ခန်းရှေ့မှာ တွေတွေကြီး ။ မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့ရိပေါ်က တစ်ကိုယ်လုံးသွေးတွေမြင်မကောင်းအောင်ပေကျံနေတာမို့ မိဘတွေမှာ တစ်ပူပေါ်နှစ်ပူဆင့် ။ နောက်မှ လှေကားကပြုတ်ကျတဲ့ကျန့်ကျန့်ကို ambulance ပေါ်မှာ တစ်လျှောက်လုံးပွေ့လာတယ်ဆိုတဲ့ ရိပေါ်ရဲ့ဖြေရှင်းချက်တိုးတိုးကိုရတယ် ။

တစ်နာရီကျော်အောင်ခွဲစိတ်အပြီးမှာတော့ ကျန့်ကျန့်က စိုးရိမ်ရတဲ့အနေအထားကနေ ကျော်ဖြတ်နိုင်ခဲ့တယ် ။ ဘယ်တော့သတိရမယ်မှန်းသေချာမသိရပေမယ့် ခေါင်းကိုတော့ပြင်းပြင်းထန်ထန်ထိသွားတာမို့ အကျိုးဆက်ကဘာဖြစ်မယ်မပြောနိုင်ဘူးတဲ့ ။

ဆရာဝန်ဆီက အဲ့စကားကြားပြီးကတည်းက ဆေးရုံကုတင်ပေါ်မှာ မေ့မျောနေတဲ့ကျန့်ကျန့်လက်ကို ရိပေါ်က မလွတ်တမ်းဆုပ်ထားရင်း တောင်းပန်စကား တတွတ်တွတ်ရွတ်နေခဲ့တော့တာပဲ ။

Wine (Completed)Donde viven las historias. Descúbrelo ahora