: 24

7.4K 681 5
                                    

Unicode


"မင်းအရင်ကဆို ပုစွန်အရမ်းကြိုက်တာ ။ မင်းစိတ်ကောက်တိုင်း ငါဆို ထမင်းစားပွဲမှာ ပုစွန်တွေအခွံခွါရင်း မင်းပန်းကန်ထဲထည့်ထည့်ပေးရတာအမော .. ဟာဟ"

ရိပေါ်က အတိတ်အကြောင်းပြန်ပြောရင်း လက်ရှိမှာလဲ အခွံခွါပြီးသားပုစွန်တစ်ကောင်ကို ကျန့်ကျန့်ပန်းကန်ထဲထည့်ပေးတယ် ။ နေ့လည်က ဆေးရုံကိုခဏဝင်လာတဲ့ ရှောင်းမားမားက ကျန့်ကျန့်အကြိုက် ပင်လယ်စာဟော့ပေါ့ဝယ်လာခဲ့တယ် ။ အတိတ်မေ့သွားပေမယ့် အကြိုက်မပြောင်းတဲ့ကျန့်ကျန့်က ဟော့ပေါ့ကိုမြင်တော့ မျက်လုံးလေးတွေလက်သွားတာများ ။ ရိပေါ်ပိုမပြောဘူး ။ ကျန့်ကျန့်က ဆေးရုံမှာ လေမထိနေမထိနေရတော့ မျက်နှာလေးတွေကအစကြည်လင်နုဖက်နေတော့တာ ။

"ဝမ်ရိပေါ် မင်းလဲစားလေ"

အခုထိဘာမှမစားသေးဘဲ ကျန့်ကျန့်ပန်းကန်ထဲပဲ ပုစွန်တွေခွါထည့်ပေးနေတဲ့ရိပေါ်ကြောင့် ကျန့်ကျန့်က အားနာဟန်ဆိုလာခဲ့တယ် ။

"ဘာမှမဖြစ်ဘူး ငါ့ကိုအားမနာနဲ့ ။ အရင်တည်းက ငါက မင်းစားဖို့အကုန်ပြင်ဆင်ပေးပြီးမှ စားတာ"

ရိပေါ်ကတော့ ဘာရယ်မဟုတ်ပြောလိုက်ပေမယ့် ထိုစကားကြောင့် ကျန့်ကျန့်ရင်ထဲနွေးထွေးသွားတယ် ။

အတိတ်ကိုမမှတ်မိပေမယ့် တစ်ခါတစ်ရံ သူ့ရဲ့ အပြုအမူတွေမှာ ကိုယ်တိုင်မသိလိုက်ပါဘဲ လိုက်လျောညီထွေရှိနေတတ်တာတွေ့ရတယ် ။ တစ်နေရာသွားချင်တိုင်း ချီပိုးထွေးပွေ့လိုက်တာကအစ ထမင်းစားပြီးပါးစပ်သုတ်ပေးတာအဆုံး ဒီလူရဲ့ဂရုစိုက်မှုတွေမှာ ကျန့်ကျန့်ကိုယ်တိုင် ထူးဆန်းစွာနဲ့ အသားတကျရှိနေတတ်တယ် ။

"ဝပြီလား"

"အွန်း"

"အများကြီးပိုနေတယ် ။ စားလို့မကောင်းလို့လား"

"မဟုတ်ပါဘူး"

"နေမကောင်းဘူးလားကျန့်ကျန့် ။ ရင်ပြည့်နေတာလား"

အပြောထက်မြန်စွာ နဖူးစမ်း ပါးစမ်းလုပ်နေတဲ့ရိပေါ်ကြောင့် ကျန့်ကျန့်အလောတကြီးဖြေရှင်းပြမိတယ် ။
သူ ဝမ်ရိပေါ်ကို စိတ်မပူစေချင်ဘူး ။

Wine (Completed)Donde viven las historias. Descúbrelo ahora