: 32

7.5K 644 17
                                    

Unicode


အိမ်ရှေ့မှာ ဖိနပ်ကိုတိတ်တဆိတ်ချွတ်လိုက်ရင်း မှောင်မည်းနေတဲ့ဧည့်ခန်းကို တစ်ချက်ဝေ့ကြည့်လိုက်တယ် ။ နံရံပေါ်က နာရီကြီးက ညခုနစ်နာရီကိုညွှန်ပြနေပေမယ့် မိဘတွေ ဘယ်သူမှ အိမ်ပြန်မရောက်သေးပုံပဲ ။

ခက်တော့တာပဲ ။
ဒီအတိုင်းဆို သူနဲ့ အိပေါ် ထိပ်တိုက်ကြီးတွေ့ရဦးမယ် ။

"ကျန့်ကျန့် ? "

ဆိုဖာပေါ်မှာ ဖင်တကြွကြွဖြစ်နေတဲ့ရိပေါ်က အပေါက်ဝက ကျန့်ကျန့်အသံကြားတော့မှ အခန်းမီးတွေဖွင့်ဖို့သတိရသွားပုံပဲ ။

အိမ်တစ်အိမ်လုံးလင်းထိန်သွားတဲ့နောက် အဝေးကပုံရိပ်တစ်ခုက ကျန့်ကျန့်ဆီကို တစ်ဟုန်ထိုးပြေးလာရင်း ကျန့်ကျန့်တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ်ဆွဲပွေ့တာ ခံလိုက်ရတယ် ။

"ကိုယ်စိတ်ပူနေတာ ။ တကယ်စိတ်ပူနေခဲ့တာ "

တုန်တုန်ယင်ယင်နဲ့ပြောလာတဲ့ရိပေါ်စကားကြောင့် ကျန့်ကျန့် တကယ်စိတ်မကောင်းဖြစ်သွားတယ် ။ မိမိက မျက်နှာချင်းမဆိုင်ချင်လို့ ဘာရယ်မဟုတ် ရောက်မိရောက်ရာအပြင်ခဏထွက်သွားမိတာ ရိပေါ်ကို သည်လောက်တောင် ပူပန်စေခဲ့မိသည်တဲ့လား ။ လက်ထဲက ဖုန်းကိုစက်ပြန်ဖွင့်တော့မှ missed call 100 ကျော်နဲ့ message 50 ကျော်တဲ့ ရိပေါ်ရဲ့အတိုင်းထက်အလွန် ပူပန်နေခဲ့မှုကို သူတွေ့လိုက်ရပါတယ် ။

"ကျန့်ကျန့် ကိုယ့်ကိုယုံပေးပါ ။ ကိုယ်မင်းကို တမင်မပြောပြတာမဟုတ်ဘူး ။ ကိုယ့်စိတ်ထဲမှာ သူဆိုတာ ဘယ်တုန်းကမှရှိမနေခဲ့လို့ ပြောဖို့မလိုအပ်ဘူးထင်လို့ မပြောခဲ့တာပါ"

"........"

"ကိုယ်တောင်းပန်ပါတယ်"

ပုံမှန်စကားနည်းတဲ့အိပေါ်က မိမိနဲ့ပတ်သက်လာရင် ဘဲပေါက်လေးလိုတတွတ်တွတ်ရှင်းပြတတ်တယ် ။
အခုလဲ မိမိကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ရင်း အတင်းကာရောရှင်းပြနေတဲ့ချစ်ရသူကြောင့် ကျန့်ကျန့်ရင်ထဲ ဝမ်းနည်းမှုတွေ လှိုက်တက်လာတယ် ။

ဘာလို့ အိပေါ်က သူ့အပေါ် အဲ့လောက်တောင် ကောင်းပေးနိုင်ရတာလဲ ?

Wine (Completed)Where stories live. Discover now